Chapter - 33

4K 402 27
                                    

Unicode

အပိုင်း ၃၃။ မင်းသားဝမ်၏ ဂရုစိုက်မှု

ရှောင်းကျန့်နိုးလာသည့်အခါ တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေသည်။ သူဘာမှမလုပ်ပါဘဲ တစ်ရက်ကို 5% လောက် တိုးတိုးလာသည့် မင်းသားဝမ်၏ စိတ်ဝင်စားမှုကြောင့် ရှောင်းကျန့်မှာ စိတ်အိုက်နေရသည်။ မင်းသားဝမ်က သူ့ကို ကိုယ်လုပ်တော်အဆင့်မှ ဝမ်ဖေးအဆင့်သို့ တိုးပေးခဲ့ပြီး ကတိအတိုင်း သူ့ကို လိုလေသေးမရှိအောင်ကို ဂရုစိုက်ပေးသောကြောင့် မစ်ရှင်အောင်မြင်သည့်အခါ သူထွက်သွားရမည့်အကြောင်းကို မည်သို့မည်ဖုံပြောရမလဲမသိပေ။ သူကိုယ်တိုင်လည်း အကြံကုန်နေပြီဖြစ်ပြီး ဤကိစ္စအကြောင်းဘာမှမသိသေးသည့် မင်းသားဝမ်အတွက်လည်း စိတ်မကောင်းဖြစ်ရပြန်သည်။ ယခုဆိုလျှင် မစ်ရှင်အောင်မြင်ရန် 11% သာ လိုတော့သည်။ သူ၏ရည်ရွယ်ချက်ပန်းတိုင်သို့ ရောက်တော့မည်ဖြစ်သောကြောင့် ပျော်သင့်ပါသော်လည်း သူ့စိတ်နှလုံးသားကတော့ ဝမ်းနည်းပူဆွေးနေပါ၏။

ထိုစဉ် ခြေသံများကြားလိုက်ရသောကြောင့် လှည့်ကြည့်မိသည့်အခါ ဆန်ပြုတ်ပန်းကန်ကို သယ်၍ ပြေးဝင်လာသည့် မင်းသားဝမ်။ မျက်နှာတွင်လည်း အိုးမဲများ ပေလျက်။ မင်းသားဝမ်၏ ပုံစံကြောင့် ရှောင်းကျန့်၏ စိတ်သောကများက လွင့်စင်သွားခဲ့ပြီး မျက်နှာတွင် အပြုံးလေးတစ်ခု ဖြစ်တည်လာပါတော့သည်။

" ကျန့်အာ နာနေသေးလား။ ဆန်ပြုတ်လေးသောက်လိုက်ဦး။ ကိုယ်ကိုယ်တိုင်လုပ်လာတာ "

" မင်းသားဝမ်က ဆန်ပြုတ်ပြုတ်တတ်တယ်ပေါ့ "

" နည်းနည်းပါးပါးပေါ့ "

ဤကဲ့သို့ အဆင်ပြေသည့် ဆန်ပြုတ်လေးတစ်ပန်းကန်ရရန်အတွက် အိမ်တော်ရှိ ဆန်မည်မျှကို ဖြုန်းတီးပြီးပြီလဲဆိုသည်ကို သူနှင့် အိမ်တော်ရှိ အလုပ်သမားများသာ သိပါလိမ့်မည်။ မင်းသားဝမ်ကို ဆန်ပြုတ်ပြုတ်နည်း သင်ပေးရသည့် စာဖိုမှူးသည်လည်း ချွေးများအလုံးလိုက်ထွက်လျက် အနားယူနေရလောက်ပါပြီ။

" လာ မြည်းကြည့် "

ရှောင်းကျန့်က ပြုံး၍ နှုတ်ခမ်းလေးကို ဟပေးလိုက်သည့်အခါ မင်းသားဝမ်ခွံ့တိုက်သည့် ဆန်ပြုတ်နွေးနွေးလေးက သူ့လျှာပေါ်မှတစ်ဆင့် လည်ချောင်းထဲသို့ စီးဝင်သွားသည်။ ဆန်ပြုတ်က ရှောင်းကျန့်ရင်ကို နွေးထွေးစေပါသည်။ သို့သော် မျှော်လင့်ချက်များနှင့်ပြည့်နှက်နေသည့် မင်းသားဝမ်၏ အကြည့်များက ပိုနွေးထွေးပါ၏။

Forced to Woo Prince Wang ⟪Completed⟫Tahanan ng mga kuwento. Tumuklas ngayon