Part : 2

680 125 11
                                    

Unicode

ကမ္ဘာပျက်ကိန်းဆီသို့

Season:5(Death Awaits Us)

Ep:2

  ကျောင်းဝန်းတစ်ခုလုံးအား သန့်ရှင်းရေးလုပ်ပေးပြီးနောက် အခန်းနံပါတ်007မှကျောင်းသားနှင့်ညဥ့်လင်းအိမ်တို့  အဆောင်သို့ အနားယူရန်ပြန်ကြ​ေတာ့သည်။အတန်းစာသင်ချိန်ရှိသည်ဖြစ်သော်လည်း ယနေ့အဖို့သင်ကြားရန် အားအင်အလုံအလောက်ရှိမနေတော့ချေ။သန့်ရှင်းရေးလုပ်နေရလို့လားပင်မပြောတတ် လေရှူရှိုက်ရာတွင်တောင် အသက်ရှူရသည်ပင်ကျပ်နေသလို ဖြစ်နေခဲ့သည်။

    ထို့ကြောင့်လည်း ဒီတစ်ကြိမ်တွင်တော့ နှစ်ဦးသား အတန်းမတက်တော့ရန် ဆုံးဖြတ်လိုက်ခြင်းပင်။နားနေဆောင်သို့မပြန်ခင် ညဥ့်လင်းအိမ်တို့နှစ်ဦးသားလုံးစာသင်တန်းကျောင်း၏အဓိကခရာဖြစ်သော ​ကျောင်းအုပ်ဆရာကြီး တစ်နည်းအားဖြင့် စစ်ဆေးရေးမှူးကြီးဆီသို့ သွားရောက်၍ သန့်ရှင်းရေးလုပ်ပြီး​ြပီဖြစ်ကြောင်း တင်ပြရမည်ဖြစ်သည်။

"မင်းတို့ ခုဘာကြောင့်သန့်ရှင်းရေးလုပ်ရတာလဲ သိပြီလား"

"ဟုတ်ကဲ့ အိပ်ရာထနောက်ကျလို့ပါဆရာ"

"ကျနော်က ဘေးချင်းကပ်အခန်းဖော်ကို သတိမပေးနိုင်ခဲ့လို့ပါ။"ဟုအနှီ​ကျောင်းသားကပြောလျက်ပင် ညဥ့်လင်းအိမ်အား မျက်စောင်းထိုး၍ ကြည့်လိုက်​ေလသည်။ညဥ့်လင်းအိမ်က မိမိအား စစ်ဆေးရေးမှူးမမြင်အောင် စပ်ဖြီးဖြီးလုပ်ပြနေသည်ကလည်း တကယ်ပင် စိတ်ပျက်စရာ​ကောင်းလွန်းသည်ဟုစိတ်တွေးမိသည်။

*ကျက်သတုန်းကောင်*

"ကောင်းပြီ မနက်ဖြန်တစ်ရက် ကျောင်းကကျောင်းသားတွေ အပြင်ထွက်ခွင့်(လျှောက်လည်ခွင့်)ပေးထားတယ်။"

"ဟုတ် ကျွန်တော်တို့ကော လျှောက်လည်လို့ရလားဆရာ။"

"အေး အစကတော့ မင်းတို့နှစ်ယောက်ကို ပြစ်ဒဏ်အနေနဲ့ လည်ခွင့်ပိတ်လိုက်ဖို့ပဲ။ခု​ေတာ့မင်းတို့ရဲ့ စုတ်တီးစုတ်ပြတ်ပုံစံတွေကိုကြည့်ပြီး သနားလာလို့ လိုက်လည်ခွင့်ပေးလိုက်ပြီ။"

"ကျေးဇူးပါ ဆရာ"ဟု ပြောလျက် ထို​ကျောင်းသား
တစ်ယောက် ခေါင်းငုံကာ အလေးပြုလိုက်သော်လည်း ညဥ့်လင်းအိမ်တစ်ယောက္မူ ပံုမှန်တိုင်းရပ်​ကြည့်နေဆဲပင်။တကယ်ကို အလိုက္မသိတတ်သော ညဥ့်လင်းအိမ်အား ထိုအခန်း​ေဖာ်မှ လက်တို့၍ မျက်စပစ်ပြလိုက်လေသည်။ထိုအခါမှသာညဥ့်လင်းအိမ်တစ်ယောက် ခေါင်းငုံ့အလေးပြုလိုက်တော့၏။

ကမ္ဘာပျက်ကိန်းဆီသို့ S-5(Death Awaits Us)Where stories live. Discover now