Part : 11

199 43 0
                                    


ဒီနေ့မနက်စောစော သူတို့အားလုံးနီးပါး အိပ်ရာနိုးလာခဲ့ပြီးနောက်ထိုဝါးအိမ်လေးထဲမှအသီးသီးထွက်လာခဲ့ကြသည်။ထိုလူများထဲတွင် လင်းရောင်နီမပါလာခဲ့ချေ။ညဥ့်လင်းအိမ်အား မေးသော်လည်း ညကပင်ပန်းမှုဒဏ်ကြောင့် နှစ်ခြိုက်စွာအိပ်ပျော်နေသည်ဟု ဖြေရှင်းချက်ပေးလေသည်။ဒီ့ထက်ပိုပြီး ဘာမှထပ်မေး၍မရခဲ့။

"ဝါး....ခုမှပဲ စိတ်ချလက်ချ အိပ်ရတော့တယ်။

လန်းဆန်းသွားတာပဲကွာ..".

စောစောစီးစီး မင်းအက္ခရာက စိတ်သက်သာသွားသလိုရေရွတ်လိုက်သည်။ကျန်လူများသည်လည်း အကြောဆန့်သူကဆန့် မျက်နှာသုတ်သူက သုတ်ဖြင့် တစ်နေ့တာစရန်ပြင်ဆင်နေကြလေသည်။ထို့နောက် ညက သူတို့အဖွဲ့မှ စစ်ဆင်ရေးလူငယ်နှင့်စုံစမ်းစစ်ဆေးရေး လူအချို့ကို ဤစခန်း၏တာဝန်ရှိသူများက ခေါ်ထားကြသည်ဖြစ်ရာ ထိုနေရာသို့ထွက်ခွာကြရတော့သည်။ထိုနေရာဆိုသည်ကလည်း ဤစခန်းအတွင်းတွင်သာဖြစ်သဖြင့် အိပ်ပျော်နေသော လင်းရောင်နီအား စိတ်ချစွာဖြင့်ပင် ညဥ့်လင်းအိမ်ထားသွားခဲ့လေသည်။အိပ်ရာ၏ဘေးနားခုံပေါ်တွင်တော့မနက်စာအားအဆင်သင့်ပြင်ထားပေးခဲ့သေးသည်။

တာဝန်ရှိသူများခေါ်ဆိုရာနေရာသို့ ရောက်ချိန်တွင် အခြားအဖွဲ့ကိုယ်စီကလည်း သူတို့နည်းတူရောက်နေကြလေသည်။သို့သော်လည်း သူတို့အား ဘာကြောင့်ခေါ်ခြင်းကိုမူ မည်သူတစ်ဦးတစ်ယောက္မျှမသိခဲ့ကြ။ခေါ်၍လာသည့်ပုံစံမျိုးဖြင့်သာ ရပ်နေခဲ့ကြသည်။

"သူက ငါတို့ကို ဘာလို့ခေါ်တာလဲ?"

"ငါလည်းမသိဘူးလေ။မင်းဘေးကလူကောသိမယ်ထင်လား?"

"မသိဘူးထင်တယ်.ခုနကသူလိုက္မေးနေတာကြားတယ်။ဒါပေမယ့်ဘယ်သူမှမသိဘူးဆိုတာကြီးပဲ"

သို့လောသို့လော မေးခွန်းများဖြင့်တစ်ယောက်စီတိုင်း သိသူကို မသိသည့်သူတိုင်အောင် လှည့်ပတ်မေးနေကြသော်လည်း နောက်ဆုံးမသိဘူးဟူ၍သာ အဖြေထွက်လာခဲ့သည်။ညဥ့်လင်းအိမ်သည်လည်း မိမိအား လာမေးသည့်လူအား ခေါင်းခါယမ်းခြင်းဖြင့်သာအဖြေပေးခဲ့လေသည်။သူ၏စိတ်အာရုံသည် တာဝန်ရှိသူမ​ျား ဘယ်ချိန်မှစကားစမည်ကိုမတွေးခဲ့သလို အနှီလူအုပ်ထဲတွင်လည်း မရှိခဲ့။တစ်ခုတည်းသော အိပ်ဆောင်တွင်ကျန်ခဲ့သည့်အမျိုးသားဆီ၌သာ စိတ်ရောက်နေခဲ့သည်။ထို့ကြောင့်လည်း ဘေးမှလူတစ်ယောက်ဆီက သူ့အားသတိပေးခြင်းကိုပါ ခံလိုက်ရလေသည်။ထို့နောက် ညဥ့်လင်းအိမ်တစ်ယောက် အတတ်နိုင်ဆုံးမိမိ၏စိတ်အာရုံအား မကြာမီထွက်လာနိုင်ချေရှိသည့်စကားတို့၌ စိတ်နှစ်ထားလိုက်ရတော့သည်။သူထင်ထားသလိုပင် မကြာမီအချိန်၌ပင် တာဝန်ရှိသူတစ်ယောက်က မိုက်ခရိုကိုင်ကာ စကားစပြောလေ၏။

ကမ္ဘာပျက်ကိန်းဆီသို့ S-5(Death Awaits Us)Where stories live. Discover now