Part : 4

622 99 12
                                    


ကမ္ဘာပျက်ကိန်းဆီသို့


(Season:5)

"Death Awaits Us"

"အင်းစဥ်းစား မြန်မြန်တော့စဥ်းစားပေး။"

"ဘာ!"

"ဟုတ်တယ်လေ ငါကမင်းချစ်သူကောင်လေးဖြစ်ချင်နေတာကို"

"မင်းအဆင့်တော်တော်ကျော်နေပြီနော်။အဖြေတောင်မပေးရသေးတာကို။ခုချက်ချင်းအပေါ်ကဖယ်။"

"ဟုတ်ပြီ"ဟုဆိုကာ 079အခန်းဖော်၏ခန္ဓာကိုယ်ပေါ်မှ ဖယ်ပေးလိုက်လေသည်။ထို့နောက်မိမိအသားချောင်းအားကြည့်လိုက်ကာ ညဥ့်လင်းအိမ်ပြုံးလိုက်လေသည်။

"ငါ့ချစ်သူလေးက ဒီလိုလေးနဲ့တောင် ​ြပီးသွားခဲ့ပဲ။"

"ဘာလဲ အဲ့တာငါ့ဟာတွေမဟုတ်ဘူး"

"ဒီမှာမင်းနဲ့ငါပဲရှိတာလေကွာ။ဒီမှာတွေ့လား ကိုယ်က မာန်ဖီနေတုန်း မပြီးသေးဘူး။"

"မင်းနော် စိတ်တိုလာအောင် မလုပ်နဲ့"

"မင်းစိတ်တိုတာက ချစ်စရာလေးကွာ".

"တိတ်စမ်း။မင်းကို ငါစိတ်တိုတယ် ဒေါသထွက်တယ်။"

"ငါလည်းမရည်ရွယ်ပဲ ဖြစ်သွားတာလေကွာ။"

"မပြောနဲ့မကြားချင်ဘူး။"

သူ့စကားပင်မဆုံးသေး နွေးထွေးသော အာငွေ့တစ်ခုနှင့်အတူ ညဥ့်လင်းအိမ်က သူ့လည်ပင်းအား ခပ်ဖွဖွနမ်းရှိုက်လိုက်လေသည်။ထို့နောက်နားနားသို့ကပ်လာကာ တီးတိုးစွာပြောလိုက်လေသည်။

"ငါ့ကို ချစ်ခွင့်ပြုပေးလို့ ကျေးဇူးပါ။မင်းသိလား ငါမင်းကို စတွေ့တည်းက ချစ်နေမိခဲ့တာကိုလေ။ဝန်ခံပါတယ် ငါမင်းကိုချစ်တာငါကိုယ်တိုင်တောင်မသိလိုက်ရတဲ့အချိန်မှာပဲချစ်မိသွားခဲ့တယ်"

"ဒါပေမယ့် ငါတို့ကမျိုးတူတွေလေ"

"ဒီလိုမျိုးတူဆိုတဲ့စကား ထပ်မကြားချင်ဘူး။ငါချစ်တဲ့သူက မင်းဖြစ်နေတယ်ဆိုတာနဲ့တင်လုံလောက်ပြီမို့ကျေးဇူးပြုပြီး အဲ့လိုမ​ပြောပါနဲ့။ဘာကြောင့်မှန်းမသိ ငါနာကျင်ရတယ်"

"အေးပါ။အဝတ်အစားမြန်မြန်ဝတ် အပြင်ထွက်ရအောင် ဒီမှာတော်တော်ပူအိုက်နေပြီ။"

ကမ္ဘာပျက်ကိန်းဆီသို့ S-5(Death Awaits Us)Where stories live. Discover now