Part:9

314 52 0
                                    

Unicode

ညနေစောင်းချိန်ဖြစ်သောကြောင့် နေသည်လည်း တစ်ဖြည်းဖြည်းပျောက်ကွယ်နေလျက်ပင်။မီးပုံ၏ဘေးနား၌ ငါးကင်အသီးသီးကိုင်ကာ စားသောက်နေကြသော အဖွဲ့ဆီမှ မင်းအက္ခရာ ထွက်လာခဲ့ပြီး အနှီစမ်းချောင်းလေးရှိ ကျောက်တုံးပေါ် ထိုင်နေခဲ့သည်။သူ၏လက်ထဲတွင်လည်း သေးငယ်သောကျောက်စရစ်ခဲများက အပြည့်။

လေတစ်ချက်ဝှေ့လိုက်တိုင်း လွှင့်မျောနေသော ဆံစတို့နှင့်အတူ လက်ထဲရှိ ကျောက်စရစ်ခဲများသည်လည်း ရေထဲသို့အစီအရီ ပစ်ပေါက်နေလျက်။မိမိ၏အနားသို့ တစ်စုံတစ်ယောက် ရောက်လာခြင်းအား လှည့်မကြည့်ရင်တောင် မင်းအက္ခရာသိနိုင်လေသည်။ထိုလူ၏ကိုယ်သင်းရနံ့နှင့်အတူ သူကိုင်လာသော ငါးကင်၏မွှေးရနံ့တို့က ပတ်ဝန်းကျင်အား မွှေးပျံစေခြင်းဖြင့်ပင်။

" ဒီမှာငါးကင် ညီစားဖို့ အကို ယူလာခဲ့တယ်"

ပြောလည်းပြော ငါးကင်လေးမြှောက်ပြနေသော ထိုလူအား မင်းအက္ခရာကြည့်ကာ တစ်ချက်ရယ်လိုက္မိလေသည်။ဘာရယ်ကြောင့်မဟုတ် ဒီတိုင်းသဘောကျ၍ရယ်လိုက္မိခြင်းပင်။

"ဟုတ် အကို ကျေးဇူးနော်။ငါးကင်အနံ့လေးက မွှေးနေတာပဲ။"

"ဟုတ်တယ် အကိုကိုယ်တိုင်သေချာကင်လာတာလေ။စားကြည့်ဦး အရသာဘယ်လိုနေလဲဆိုတာကို"

"အကို ကင်ပေးတာမို့ စားကောင်းမှာပါ"

ကမ်းပေးလာသော ငါးကင်အား လှမ်းယူလိုက်၍ တစ်ဖဲ့စားကြည့်လိုက်သည်။ငါးကင်၏အနံ့ သည်သာမဟုတ် ငါးအသားသည်လည်း နူးညံ့ချိုမြိန်နေ၏။

"နူးညံ့ပြီး ချိုမြိန်နေတာပဲ။စားမဝမှာတောင် ကြောက်ရတယ်".

ပြောလည်းပြော မျက်ဝန်းမှ ပြည့်လျှံစ ပြုနေသောမျက်ရည်စတို့အား ထိုလူမမြင်အောင် အလျင်အမြန်သုတ်လိုက္မိ၏။သို့သော် အကင်းပါးသော ထိုလူက မြင်ဖြစ်အောင်မြင်လိုက်သေးသည်။

"ညီ ငိုနေတာလား။ဘာလို့လဲဟင် အကိုကင်ပေးတာ မကောင်းလို့လား"

"မဟုတ်ပါဘူး အကိုခန့်ထည်ရ။အကိုကင်ပေးတဲ့ငါးကိုစားရင်း ရုတ်တရက် အိမ်ကိုသတိရလာလို့ပါ။ကျွန်တော့်မိဘတွေ အသက်ရှင်နေပါ့မလား စိုးရိမ်မိသွားလို့ပါ။"

ကမ္ဘာပျက်ကိန်းဆီသို့ S-5(Death Awaits Us)Where stories live. Discover now