Part : 10(လူတစ်ဦးလောကမှထွက်ခွာခြင်း၊အခက်အခဲများပြီးနောက် စခန်းသို့ရောက်ရှိခြင်း)

241 46 0
                                    

(လူတစ်ဦး‌ေလာကမှထွက်ခွာသွားခြင်း)

ထိုစမ်းချောင်းမှ ထွက်ခွာလာခဲ့ပြီးနောက် အရှေ့အရပ်တည့်တည့်သို့ တောလမ်းအတိုင်း ခရီးဆက်ကြသည်။လမ်းက ကျဥ်းမြောင်းနေ​၍လည်း လူတစ်ဦးနှင့်တစ်ဦး ရှေ့ဆင့်နောက်ဆင့်သွားလို့ရသည့်အနေပင်ဖြစ်၏။ဘေးနားရှိ သစ်ပင်ချုံနွယ်များကိုလည်း ဂရုစိုက်ရသေးပြန်သည်။လမ်းသွားနေရင်းတစ်ခါတစ်ရံမှာပင် ထိုချုံနွယ်ထဲမှ မြွေ၊ရှဥ့်၊ယုန် အစရှိသည့်သတ္တဝါများထွက်လာတတ်ကြပြီး အချို့ချုံနွယ်တို့၏နောက္ အဝေးဘက်ဆီမှ ဇွန်ဘီသံများ၊နွယ်ရှင်တို့၏သတ္တဝါများအား ဖမ်းယူစားသောက်သည့်လှုပ်ရှားသံများ ကြားရပြန်သေး၏။ထိုလမ်းသည် သဘာဝတိုင်းဖြစ်ပေါ်နေခြင်းမျိုးမဟုတ် လူတို့ဖန်တီးထားသကဲ့သို့ပင် လူသွားလမ်းတစ်လမ်းသာ ချုံတို့ကင်းရှင်းနေလျက် တရံတခါ သစ်ပင်ထက်ဆီမှ အဆိပ်ပြင်းထန်သော မြွေစိမ်း၊တောကြီးမြွေဟောက်တို့အပြင် တွေ့ရာပစ္စည်းဖြင့်ကောက်ပေါက်တတ်သော မျောက်အုပ်စုကလည်း လမ်းခရီး၏အနှောက်အယှက်တစ်ခုပင်ဖြစ်သည်။

"ညဉ့်လင်းအိမ် ငါတို့ လမ်းအဆုံးကို ဘယ်တော့များရောက္မှာလဲ"

"မသိဘူးလေ ခုမှရောက်ဖူးတာဆိုတော့ လမ်းဆုံးရင်တော့ကားလမ်း ဒါမှမဟုတ် အဆောက်အဦးတစ်ခုရဲ့ လျို့ဝှက်ပေါက်ဆီရောက်ချင်ရောက္မှာပေါ့"

ညဉ့်လင်းအိမ် ထင်ကြေးပေးလိုက်သော်လည်း သူပြောလိုက်သောစကားအား သူကိုယ်တိုင်ပင် မယုံကြည်ရဲခဲ့ချေ။ဤလမ်းဆုံးပါက ချုံနွယ်များ သစ်ပင်များဖြင့် ပိတ်ထားသည့်အပိတ်ဖြစ်နေမလား၊ဒါမှမဟုတ် ဇွန်ဘီတွေက စောင့်ကြိုနေမလား ဟူသော စိုးရိမ်စိတ်များစွာက သူ့၏အတွေးထဲ၌ နေရာယူထားကြ၏။သို့သော် နောက်ပြန်လှည့်လို့လည်း မထူးတော့ဟုသာ သက်ပြင်းကျလိုက်လျက် ရှေ့သို့ဆက်တိုးနေမိတော့သည်။

​*ဖြစ်လာသမျှအကြောင်းအရာတို့သည်သာ ကံစီမံရာအတိုင်းပင်*

"ခနနားကျမလား ငါတို့မိုးသောက်ချိန်တည်းက လမ်းလျှောက်နေရတာ ပင်ပန်းလာပြီ"

"ဟုတ်တယ် တကယ်ပင်ပန်းနေပြီ"

တစ်ယောက်၏စကားအား နောက်တစ်ယောက်ဖြစ်သူ မဏီရာက ဝင်ထောက်ခံလိုက်ခြင်းပင်။သူသည်လည်း တစ်ကယ်ကိုမောနေခြင်းကြောင့်ပင်မဟုတ်လား။သူတို့အားလုံးနားကျမည်ဆိုသောကြောင့်လည်း ထိုနေရာ၌ခတ္တနားဖို့ ညဥ့်လင်းအိမ် သဘောတူလိုက်လေသည်။ယခုနေရာလိုတော့ ဝိုင်းဖွဲ့ထိုင်၍မရ တစ်ယောက်ချင်းဘေးချင်ယှဥ်ကာ ထိုင်နေကြ၏။

ကမ္ဘာပျက်ကိန်းဆီသို့ S-5(Death Awaits Us)Where stories live. Discover now