Part : 7(ငရဲခွေးကြီး ကိုက်လိမ့်မည်)

424 66 1
                                    

'Death Awaits Us'

လင်းရောင်နီပေါ် မာန်ဖီလျက်ခုန်အုပ်လာသော အနှီခွေးအား လွန်းရာ လျင်မြန်စွာဖြင့်ပင် ကန်ပစ်လိုက်လေသည်။လူကောင်သေးသော်လည်း အားထည့်ကန်လိုက်သည့်အရှိန်ကြောင့် ထိုခွေးမှာ ဘေးတစ်ဖက်သို့ ပစ်လှဲကျသွားတော့သည်။

"ဗြွန်း........."

"ဘာသံလဲ....."

ဗြွန်းဟူသောအသံကြားလိုက်ခြင်းကြောင့် လွန်းရာကမေးလိုက်ခြင်းပင်။ညဉ့်လင်းအိမ်သည်လည်း လဲကျနေသော လင်းရောင်နီအား ပွေ့ထူလိုက်ကာ အနောက်ဘက် အဖွဲ့သားဆီသို့ ပြန်လာခဲ့လေသည်။လင်းရောင်နီရပ်နေသောနေရာက အဖွဲ့သားများ၏နေရာနှင့်မလှမ်းမကမ်းအနေအထားဖြစ်နေသောကြောင့်ပင်ဖြစ်ချေသည်။

"ခုနကခွေး ရေထဲပြုတ်ကျသွားတာနေမှာပေါ့။"

"တော်သေးတာပေါ့ ရောင်နီရယ်။ကိုယ်ရင်ကျိုးရပြီထင်နေတာ။"

"အဲ့လောက်လဲမဟုတ်ပါဘူး။ငါသတိလက်လွတ်ဖြစ်သွားလို့"

"ကိုယ်တောင်းပန်ပါတယ်။"

"ဘာဆိုင်လို့လဲ"

"ကိုယ့်ကြောင့် ခံစားချက်တွေပွင့်ထွက်သွားပြီး မင်သေနေတာကိုပေါ့။"

"အိမ် မင်းနော် ခုချိန်ထိ ပြောင်စပ်စပ်နဲ့။အား...."

"ဟင် ဘာဖြစ်တာလည်း ဘယ်နားထိမိသွားလဲ"

လင်းရောင်နီ၏တံတောင်ဆစ်နေရာအား ယူကြည့်လိုက္မှသာ ညဉ့်လင်းအိမ်သက်ပြင်းချမိတော့သည်။သူထင်လိုက်သည်ကလင်းရောင်နီတစ်ယောက် အသွင်ပြောင်းခွေးကိုက်ခြင်းကို ခံရပြီဟုပင်ဖြစ်သည်။

"တော်ပါသေးရဲ့ မြေပြင်နဲ့ပွတ်မိသလိုဖြစ်ပြီး လက်ပွန်းသွားတာပဲ။"

ထိုစဥ်လွန်းရာတစ်ယောက်၏အော်သံအားကြားလိုက်ရပေသည်။အသံလာရာဘက်သို့လှည့်ကြည့်လိုက်သော်လည်း လွန်းရာကမူ ကြောက်အားလန့်အားဖြင့် လက်ညိုးထိုးကာအော်မိနေတုန်းပင်။ညဉ့်လင်းအိမ် လင်းရောင်နီအား အလျင်အမြန်ဆေးထည့်ပေးလိုက်ပြီး ထိုကောင်လေးရှိရာသို့ထွက်သွားလိုက်သည်။

"လွန်းရာ မင်းဘာဖြစ်ပြန်ပြီလဲ"

"ဟိုမှာ.......ငရဲခွေးကြီး"

ကမ္ဘာပျက်ကိန်းဆီသို့ S-5(Death Awaits Us)Où les histoires vivent. Découvrez maintenant