Part : 5

583 66 2
                                    

Season 5

(Death Awaits Us)

 မနက္မိုးလင်းချိန်၌ အခန်းဖော်၀၀၇မှာ ဦးစွာအိပ်ရာမှနိုးလာခဲ့ပြီး သူတို့နှစ်ဦးကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

*ကြည့်ပါဦး နှစ်ယောက်သားကမ္ဘာထင်နေကြလားမသိ၊ဖက်နေကြတာများ ကြားထဲလေတောင်ဖြတ်ရပါ့မလား?*

"ဟိတ်ကောင်တွေ မီးလောင်နေပြီ ထကြတော့"

"မီးလောင်နေပြီ"ဟူသည့်အသံကြောင့် သူတို့နှစ်ဦးသား အိပ်နေ၇ာမှ ကမန်းကတန်း ကောက်ထကြတော့သည်"

"ဘယ်မှာ လောင်တာလဲ? ရောင်နီလာ ကျွန်တော်တို့ ထွက်ပြေးကြရအောင်"

ပြာယာခတ်စွာ ထွက်ပြေးရန်ဟန်ပြင်နေသော သူတို့နှစ်ဦးအား ထိုအခန်းဖော်က မျက်စိစပါးမွေးစူးလာကာ ထဆဲလိုက်တော့သည်။

"မင်းမေဂျီးတော်ဖြစ်နေကြတာလား?"

"ဟင် မင်းပဲ မီးလောင်နေပြီဆို ထွက်မပြေးမှာ မီးထဲတော့အပါမခံနိုင်ပါဘူး"

"အေး မီးတာ တကယ်လောင်ရင် မင်းတို့ကို နှိုးနေတော့မှာမဟုတ်ဘူး"

"ဟမ် ဒါဆိုရင် ဘာလို့နှိုးတာလဲ?"

"နှစ်ယောက်သား ဖက်အိပ်နေကြတာ ကြည့်မရလို့နှိုးလိုက်တာ ဘာဖြစ်လဲ?"

"ဟမ်? ညဥ့်လင်းအိမ် ညက မင်းငါ့ကို ဖက်အိပ်တာလား?"

"မဟုတ်ပါဘူး။ရောင်နီပဲ ချမ်းလို့ဆိုပြီး ရင်ခွင်ထဲတိုး၀င်တာလေ"

"ဟမ် ငါတစ်ခါမှ မချမ်းတတ်ပါဘူး။ညဥ့်လင်းအိမ် မင်းကိုပေးမယ့်အမှတ်ထဲက ၁မှတ်နှုတ်မယ်"

"တော်ကြတော့ မင်းတို့နှစ်ယောက်လုံး မျက်နှာသွားသစ်ကြတော့​" .

"ဟုတ်" အခန်းဖော်၀၀၇၏စကားအဆုံး၌ သူတို့နှစ်ဦးသား *ဟုတ်*ဟုသာ ဖြေလိုက်၍​မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့၀င်သွားကြလေသည်။

*ကြည့်ပါဦး ရေချိုးခန်း၀င်တာတောင် အတူတူ ဒင်းတို့ကိုကြည့်မရတော့ဘူး*

ထို့နောက်ရေချိုးခန်းမှထွက်လာကြ​သည့် သူတို့နှစ်ဦးအား အနှီအခန်းဖော်က အလိုမကျဟန်ဖြင့်ကြည့်နေခဲ့ပြီးသူတို့နှစ်ဦးသည်လည်း ရယ်ကျဲကျဲမျက်နှာပေးဖြင့်ခေါင်းကုတ်ကာ ရယ်ပြနေခဲ့သည်။

ကမ္ဘာပျက်ကိန်းဆီသို့ S-5(Death Awaits Us)Where stories live. Discover now