မနက်ခင်းအချိန် အနှီဆွေးနွေးခန်းသို့လူအစုံနီးပါးရောက်လာကြပြီဖြစ်သော်လည်း ညဥ့်လင်းအိမ်တို့အမျိုးကောင်းသားနှစ်ဦးမှာ ခုထိရောက္မလာသေးချေ။ကိုယ့်ထမင်းကိုယ်စားပြီး သူတို့နှစ်ယောက္လာနိုးလာနိုးမျှော်နေရသောမဏီရာမှာပင် သစ်ကုလားအုတ်များကဲ့သို့ လည်ပင်းရှည်လာတော့မယောင်ပင်။
"ဒင်းတို့နှစ်ကောင်ခုထိကိုမလာကြသေးဘူး။ဒီမှာက လူတော်တော်စုံနေပြီ"
မဏီရာပြောလည်းပြောချင်စရာပင်။သူထွက်ပြီး ယခုနေရာသို့ရောက်ချိန်သည် လွန်ခဲ့သောနာရီဝက်ကပင်ဖြစ်ပြီး ယခုသူရောက်နေသည်မှာ လေးဆယ့်ငါးမိနစ်တိတိပင်ဖြစ်ခဲ့ပြီ။ယခုထိတိုင်အောင် ဒင်းတို့က နှစ်ယောက်တည်းကမ္ဘာဟူ၍ကနေကြမည်လားမပြောတတ်။စောင့်နေရသည့်မိမိမှာတော့ ဒင်းတို့လာမည်နိုးနိုးနှင့် ဘေးရှိခုံနှစ်ခုံစာပေါ် ခြေထောက်ပင်ပစ်တင်ထားသေးသည်။ရလဒ်ကတော့ ကွက်ကြည့်ကွက်ကြည့်နှင့်အတင်းတုတ်ခံရခြင်းပင်။
"အဟမ်း ခုံပေါ်ကခြေထောက်လေး အောက်ချလို့ရမလားဗျ။"
ဟော စိတ်ထဲတွေးနေလို့မဆုံးခင်ပင် မိမိခြေထောက်ဖယ်ပေးရန်လာပြောနေကြချေပြီ။မဏီရာသည်ထက် စိတ်ကိုအရှည်ဆုံးဆန့်မထားနိုင်တော့ချေ။ထို့နောက် ထိုင်ခုံနေရာမှထလိုက်ကာ ပတ်ဝန်းကျင်အား ပတ်ပတ်လည်ဝေ့ဝဲကြည့်မိလိုက်၏။မိမိအား ခြေထောက်ဖယ်ခိုင်းသော အနှီသူသည်လည်း မဏီရာလုပ်သမျှ ကြည့်နေခဲ့သည်။
*လာပါပြီ ဒင်းတို့။*
အဝေးမှမြောက်ကြွမြောက်ကြွ လာေနသောဒင်းတို့အား မဏီရာကြည့်လေ စိတ်တိုရလေဖြစ်သည်။သို့သော်လည်း မိမိဆီမှအဖြေအားစောင့်နေသော သူဘက်ကိုလှည့်အတတ်နိုင်ဆုံးပြုံးကာ ပြောပြရသေး၏။
"စိတ်မရှိပါနဲ့ရှင် ဒီခုံနှစ်ခုကကျွန်မသူငယ်ချင်းနှစ်ယောက်အတွက် ဖယ်ထားတာပါ။ဟိုမှာလေ သူတို့လာနေကြပြီ။"
အခန်းဝမှ လာနေသောလူနှစ်ဦးအား လက်ညိုးဖြင့်ညွှန်ပြကာ ပြောလာခြင်းကြောင့် အနှီလူသည်လည်း မဏီရာအနားမှထွက်ခွာသွားလေသည်။ညဥ့်လင်းအိမ်တို့နှစ်ဦးသည်လည်း ဘာမှမဖြစ်သလိုမသိချင်ယောင်ဆောင်ထားသည့်မျက်နှာပေးဖြင့် လွတ်နေသောခုံ၌အသီးသီးဝင်ထိုင်လိုက်ကြလေသည်။မဏီရာသည်လည်း မတ်တပ်ရပ်နေရာမှ ထိုင်လိုက်ရသည်။အဘယ်ကြောင့်ဆိုသော် တစ်ခန်းလုံး၌မတ်တပ်ရပ်နေသူမှာ တာဝန်ရှိလူကြီးများသာကျန်တော့သည့်အတွက်ကြောင့်ပင်ဖြစ်၏။
ESTÁS LEYENDO
ကမ္ဘာပျက်ကိန်းဆီသို့ S-5(Death Awaits Us)
Ficción GeneralStart -22/2/22 End- Companula ပန်းလေးရဲ့အဓိပ္ပါယ်ကို မင်းသိရဲ့လား ညဥ့်...? အင်း။ထာဝရချစ်မြတ်နိုးသွားပါ့မယ်တဲ့။အချစ်စစ်နဲ့တွေ့တဲ့အခါ နားထဲမှာ ေခါင်းလောင်းသံလေးတွေ ကြားရလိမ့်မယ်တဲ့လေ။ ဟုတ်တယ်။ငါမင်းနဲ့အတူရှိတဲ့အခါတိုင်း သေးငယ်တဲ့အသံလေးတွေကြားရတယ်။ဒါဟ...