ရှောင်းကျန့်က အောက်နှုတ်ခမ်းကိုဖိကိုက်ကာဖြင့်
ခံစားချက်များကို သိမ်းဆည်းလိုက်ရင်း ဆိုသည်။" ဥက္ကဌ ခိုင်းစရာရှိရင် ခေါ်လိုက်ပါ"
"ရပ်လိုက်စမ်း"
မတတ်နိုင်
စိတ်ကတင်းခံထားပါသော်လည်း ခန္ဓာကိုယ်က သူ၏
အရှင်သခင်ကို မှတ်မိသည့်အလား နာခံစွာရပ်နေမိလျက်သားဖြစ်သွား၏။ရှောင်းကျန့်က ဝမ်ရိပေါ်အား ကျောခိုင်းထားရင်းထိုနေရာ၌ပင် မလှုပ်မယှက်။
" အင့် "
လက်ကောက်ဝတ်မှ ဆွဲလှည့်လိုက်ခြင်းပင်။ ရှောင်းကျန့်မှာ တောင့်တင်းသောရင်အုပ်နှင့်တိုက်မိသွားကာ
နာကျင်သွားရသည်။" ငါတို့ပြန်တွေ့ရမယ်လို့ ထင်မထားဘူး"
ရှောင်းကျန့် မေးဖျားအား တင်းနေအောင်ဆုပ်ကိုင်လာသောဝမ်ရိပေါ်က သွားကြားထဲမှလေသံဖြင့်တစ်လုံးချင်းပြောလာသည်။
" မောင့်ကိုမြင်ရတာ မပျော်တော့ဘူးလား အရင်ကတော့ ဒီလူ့ကို ချစ်ရပါချေရဲ့ဆို"
ဝမ်ရိပေါ်က ငယ်ရွယ်ကာ သွေးဆူလွယ်သည်။Leo
တစ်ယောက်ဖြစ်သည့်အလျောက် ဒေါသကိုမထိန်းချုပ်တတ်သလို ပိုင်ဆိုင်လိုစိတ်ကြီးသူဖြစ်၍ ခံစားချက်များကို ကြာကြာထိန်းချုပ်မထားနိုင်၊ ပေါက်ကွဲမိတော့သည်။"လွှတ်ပေးပါ ဥက္ကဌ"
ရှောင်းကျန့် ဝမ်ရိပေါ်ကို လုံးဝမကြည့်ပေ။သူက
ရုန်းကန်မနေပေမယ့် အေးစက်စွာပြောလာသည်။" အလုပ်ခွင်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို
မရောထွေးသင့်ပါဘူး ဥက္ကဌမကျေနပ်ရင် ကျွန်တော့်ကို အလုပ်ထုတ်လိုက်လို့ရပါတယ် ပိုင်စိုးပိုင်နင်းနဲ့
လူကိုထိပါးတာမျိုးမလုပ်ပါနဲ့။ ကျွန်တော်တို့က မသက်ဆိုင်တော့ပါဘူး"မသက်ဆိုင်တော့.. သူတို့ဟာမသက်ဆိုင်တော့ပါပေ။
ဝမ်ရိပေါ်တစ်ဖြစ်လဲ ချစ်ရသူဖြစ်ခဲ့သည့် မောင်
သည် သူ၏အမှားတစ်ခုသာဖြစ်ပါ၏။ သူဟာ ငယ်ရွယ်ခဲ့စဉ်တုန်းက ဤလူနှင့် အထိန်းအကွပ်မရှိ ပတ်သက်ဆက်နွယ်ခဲ့ဘူးကာ သူ၏နှလုံးသားနှင့် အရာအားလုံးကိုအပ်နှံခဲ့သည်။