ခုနှစ်ရက်မျှကြာသွားခဲ့ပြီး ရှောင်းကျန့်၏ တုန်လှုပ်မှုများက မရပ်တန့်သွားသည့်အပြင် စားပွဲပေါ်သို့ရောက်လာသည့် လက်ထပ်စာချုပ်ကြောင့် ပိုလို့ပင်ဆိုးရွားလာတော့သည်။
သို့သော် သူ့၌ ငြင်းဆန်ပိုင်ခွင့်မရှိပါ။
" အခုကစပြီး ခင်ဗျားက ကျွန်တော့်အပိုင်ဘဲ"
ဝမ်ရိပေါ်က လက်ထပ်စာချုပ်ကို လက်ချောင်းထိပ်
များဖြင့် ပွတ်သပ်နေခဲ့ကာ သူက အောင်နိုင်သူအဖြစ် အတိအကျကိုရှိနေခဲ့ပါသည်။"ဝမ်အိမ်တော်ကို ခင်ဗျားပစ္စည်းတွေရွှေ့ ပြီးသွားပြီ... လိမ်လိမ်မာမာ လိုက်ခဲ့"
"အင်း"
စကားဝိုင်းသည်ကား ပြီးဆုံးသွားခဲ့ပါ၏။
.
.
.
.အလုပ်ဆင်းချိန်သို့ရောက်လာခဲ့ပြီ။
ရှောင်းကျန့်က ဝမ်ရိပေါ်ထံမှ
"ကားစီစဥ်ပေးထားပြီးသား အိမ်တော်ကိုတန်းပြန်"
ဆိုသည့် messageကြောင့် စိတ်ညစ်ညူးသွားရပြီး သူက စုတ်တစ်ချက်သပ်ကာဖြင့် ထိုင်ခုံမှထလိုက်သည်။ဈေးကြီးကြီးဇိမ်ခံကားပေါ်တွင် ရှောင်းကျန့်တစ်ယောက်တည်းသာ စိတ်ပျက်လက်ပျက် ထိုင်နေခဲ့ပြီးတစ်လမ်းလုံးလည်း မည်သည့်စကားကိုမှမပြောခဲ့ချေ။driverကလည်း အလိုက်သိစွာဖြင့် ခပ်ဆွေးဆွေးသီချင်းတစ်ပုဒ်ကို အသံတိုးတိုးဖြင့်သာ ဖွင့်ထားခဲ့ကာ ဝမ်အိမ်တော်သို့ ဖြည်းဖြည်းမှန်မှန် မောင်းနှင်လာခဲ့သည်။
ဝမ်အိမ်တော်က နန်းတော်တစ်ခုလို ခမ်းနားသည်။
လှေကားထစ် အထပ်ထပ်ကိုကျော်ဖြတ်ခဲ့ပြီးနောက်တွင် ရှောင်ကျန့််မှာ မောလွန်း၍ ကုတင်ပေါ်တွင်ခြေပစ်လက်ပစ်လှဲနေ၏။" juiceဖျော်ပေးရမလား Mr.Xiao"
ရှောင်းကျန့်က လက်ကာပြကာ ရေချိုးခန်းထဲဝင်သွားသည်။
.
.
.ရေချိုးပြီးနောက်တွင် ရှောင်းကျန့်က ပေါ့ပေါ့ပါးပါး
ရှပ်အပွတစ်ထည်နှင့် ဒူးလောက်သာရှိသည့် ချည်သားဘောင်းဘီကိုဝတ်လိုက်ပြီး ညစာစားရန် မီးဖိုချောင်ထဲဝင်လိုက်သည်။