မှိုင်းညို့နေသည့် မိုးသားတိမ်တိုက်များဟာ တလိမ့်လိမ့်တက်လို့လာသည်။
မကြာလိုက် မိုးရာသီ၏ပထမဆုံးမိုးဖွဲများမှာ ကမ္ဘာမြေကြီးဆီသို့ ကျဆင်းရွာသွန်းလာပြီဖြစ်သည်။
မီးဖိုချောင်ထဲတွင်တော့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို
မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေဆဲပါပင်။ထိုသူ၏ မျက်ဝန်းထဲ ထင်ဟပ်နေသည့် လေးနက်မှုများက အဆုံးမဲ့သောသန့်စင်ခြင်းကို လှစ်ဟပြသနေသည်။
ရှောင်းကျန့်က သူ့ကို လှည့်ဖျားနေခြင်းမဟုတ်ခဲ့။
အမှန်အတိုင်းပြောနေခြင်းပင်ဖြစ်သည်။သူက တစ်ဖက်လူ၏မေးဖျားကို ကိုယ်ပိုင်လက်ချောင်းတွေကြားထဲ ဆွဲညှစ်ထားရင်း မေးလာသည်။
" အပြစ်ရှိသလိုခံစားရလို့ ဒီလိုစကားမျိုးပြောတာလား "
" ဟင့်အင်း "
"ဒါဆိုဘာလို့လဲ "
"နောင်တရတယ်"
" ပြီးတော့ အဲ့အချိန်တုန်းက မောင့်ရှေ့မှာ အရှက်ရစရာပုံစံမျိုးမပြချင်ခဲ့ဘူး "
" သတ္တိကြောင်ခဲ့တာတော့အမှန်ပဲ "
"မောင်က ငယ်လွန်းသေးလို့ အတူတူဆူးခင်းလမ်းကိုမလျှောက်စေချင်ခဲ့တာလဲပါတယ်၊
ကောကြောက်ခဲ့တယ်၊ အကယ်၍သာ မောင်က
စိတ်ကစားနေလို့ ကောကို ထားရစ်ခဲ့မယ်ဆိုရင်
ဆိုတဲ့အတွေးက ညတိုင်းခေါင်းထဲကထုတ်လို့မရခဲ့ဘူး "ရှောင်းကျန့် မျက်ဝန်းထောင့်များက တစ်စတစ်စစိုစွတ်လာခဲ့ကာ သူက ခေါင်းကိုငုံ့ချလိုက်ပါရင်း
သူ တစ်လျှောက်လုံး ဝန်မခံချင်ခဲ့သည့် အမှန်တရားကို ဖွင့်ဟပြောဆိုလာခဲ့သည်။" ကောက ပိုပိုပြီးနက်နက်ရှိုင်းရှိုင်းချစ်မိလေ
ထွက်ပြေးချင်လာလေပဲ "" အင်း ဆက်ပြော "
"ကောက ယောကျာ်းတစ်ယောက်ဖြစ်ပြီး တာဝန်ယူစိတ်မရှိတဲ့လူ၊ ကိုယ့်ဆန္ဒအတွက် မိဘတွေကိုတောင် ပစ်ထားရက်ခဲ့တဲ့ သားမိုက်လေ "
စကားအဆုံးတွင် ရှောင်းကျန့်က မထိန်းချုပ်နိုင်တော့ပါပဲ ငိုချမိတော့သည်။