Part-4(Z+U)

9.4K 725 0
                                    

ဝမ်ရိပေါ်က ညနေခင်းကျောင်းဆင်းချိန်ဆိုရင်
Cafeကိုရောက်လာတတ်သည်။

အမြဲလိုလို စတော်ဘယ်ရီကိတ်တစ်လုံးနှင့် black coffeeသာ မှာပြီး ထောင့်ကျသောနေရာတစ်ခုတွင်ထိုင်ကာ စားသည်။

တစ်ပတ်, နှစ်ပတ်,သုံးပတ်,

နေ့ရက်တွေတိုးလာသည်နှင့်အမျှ ဝမ်ရိပေါ်အတွက်
ကိတ်ပြင်ဆင်ပေးခြင်းက ရှောင်းကျန့်အတွက်
သမရိုးကျအလုပ်တစ်ခုလိုဖြစ်လာသည်။

သူက ထိုအေးစက်စက်ကောင်လေးနှင့် ရင်းနှီးချင်ပါ၏။

ရေကန်သေလိုဖြစ်နေသည့် မျက်လုံးများကို အသက်ဝင်လာအောင် လုပ်ပေးချင်လှပြီး သူ့ကိုအစ်ကိုတစ်ယေယာက်လို သဘောထားလာစေချင်သည်။

" ရိပေါ် balck coffeeတွေ တအားမသောက်ပါနဲ့လား"

ရှောင်းကျန့်အပြောကို ဝမ်ရိပေါ်က ဘာမှမတုံ့ပြန်ဘဲ
သူက ကျိယန်ဘက်ကိုလှည့်ကာဆိုသည်။

" နွားနို့ပဲပေးပါတော့"

ဝမ်ရိပေါ် တစ်ကယ်ပဲ သူ့စကားကိုအလေးထားလိမ့်မယ်လို့ မထင်ခဲ့ပေ။ သူက ခေတ္တမျှဆွံ့အသွားရပြီး
စုန့်ကျိယန်က တစ်ချက်ရိုက်လိုက်မှသာ သတိပြန်ဝင်လာသည်။

" သူက မင်းကို အလေးထားသားပဲ သူစိမ်းတွေပဲကို"

"အင်း"

ဘာပဲဖြစ်ဖြစ် ရှောင်းကျန့်ကတော့ ပျော်ပါသည်။

.
.
.

ဒီနေ့ ရှောင်းကျန့် ဝမ့်ယွဲ့ကျောင်းသို့ ခဏသွားရမည်ဖြစ်သည်။အလုပ်တစ်ခုရှိလို့အပြင် ရိပေါ်ကိုလဲပေးရစာရှိနေသောကြောင့်ဖြစ်ပါ၏။

နေ့လည်စာ နားချိန်ဖြစ်လောက်မည်။ နေရာတိုင်းတွင်
ကျောင်းသားကျောင်းသူများရှိနေကြကာ ငယ်ရွယ်သူများ၏ တက်ကြွထက်မြက်မှု အငွေ့အသက်များက
လူကို လန်းဆန်းစေသည်။

ရိပေါ်ဒီနေရာမှာမရှိနိုင်တာကြောင့် သူက လူနည်းနည်းရှင်းတဲ့နေရာတွေဘက် ဦးတည်လိုက်၏။

သူက ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ်တစ်ချက်ကြည့်လိုက်တော့

တွေ့ပါပြီ ထင်တဲ့အတိုင်း ပဲနို့တစ်ဘူးနဲ့ ဝမ်ရိပေါ်

" ဟိုဟာလေ"

My Ex Boss Where stories live. Discover now