တစ်နေ့တာဟာ စိတ်ပင်ပန်းမှုများနှင့် ကုန်ဆုံးသွားခဲ့သည်ပင်။
ရုံးဆင်းချိန်ရောက်လာသည့်အခါတွင် ရှောင်းကျန့်၏ ခေါင်းမှာ မူးနောက်ထုံကျဥ်နေခဲ့ကာ နေရထိုင်ရသိပ်မကောင်းလှ။
သူအိမ်ပြန်နောက်ကျမည်ဟု ဥက္ကဌက အသိပေးခဲ့သောကြောင့် အနည်းဆုံးတော့ သူ ညတာကို
အေးအေးဆေးဆေးကုန်ဆုံးရပါစေဟု မျှော်လင့်မိသည်။ကျေးဇူးပြုပြီး ဒီညတော့ ရိပေါ် ဘာပြဿနာမှမရှာပါတော့စေနဲ့
သူဟာ လေးပင်နေသော ခြေထောက်များကိုဆွဲလျက် စောင့်ကြိုနေသော Driverဆီ သွားဖို့ပြင်လိုက်သည်။
" နေမကောင်းဘူးလားခင်ဗျာ?"
"နည်းနည်းပင်ပန်းနေရုံပါ"
driverဦးလေးကြီးက ခေါင်းငြိမ့်ကာ ထပ်မမေးတော့ပဲ ကောင်းကောင်းအနားယူဖို့ပြောလာသည်။
ရုံးခန်းထဲမှ ခပ်မာမာထိုင်ခုံထက် တစ်နေကုန်ထိုင်လာရသောကြောင့် ကားဆိုဖာ၏ နူးနူးညံ့ညံ့အထိအတွေ့၌ရှောင်းကျန့်မှာ အိပ်ငိုက်လာရသည်။
အိမ်ရောက်ရင်သူ့ကိုနှိုးဖို့ ရှေ့ခန်းကိုတစ်ချက်ပြောလိုက်ပြီးနောက်တွင် လေးပင်နေသော မျက်ခွံများကို တွန်းလှန်မနေတော့ပဲ တစ်ရေးလောက်မှေးလိုက်တော့၏။
.
.
." မစ္စတာရှောင်းခင်ဗျ...အိမ်ရောက်ပါပြီ"
နည်းနည်းလောက်မှေးလိုက်တာက သိသိသာသာကို နေလို့ကောင်းသွားသည်မို့ ရှောင်းကျန့်ဟာ
ကားပေါ်ကဆင်းကာ အိမ်ထဲသို့ဝင်လိုက်တော့သည်။ဒီနေ့ ရေမချိုးတော့ရင်ကောင်းမလား?
မဖြစ်ဘူး ငါဟိုပြေးဒီပြေးလုပ်ထားသေးတာမိမိကိုယ်အား တစ်ချက်အနံ့ခံကြည့်ပြီးနောက်တွင်
ရှောင်းကျန့်ဟာ ရေချိုးခန်းထဲဆိုက်ဆိုက်မြိုက်မြိုက်ကိုဝင်သွားချေပြီ။ပြီးရင်တော့ အတည်အိပ်မှဖြစ်တော့မယ်
.
.
.
." ရှောင်းကျန့်ဘယ်မှာလဲ"
" အခုလေးတင်ပဲ အခန်းထဲဝင်သွားပါပြီ"