Part-18 (U+ Z)

7K 520 16
                                    

ရေချိုးပြီးပြန်ထွက်လာသည့်အခါ ကုတင်ပေါ်၌တင်လျက်သားအဝတ်တို့ကိုမြင်တော့ ဝမ်ရိပေါ်
မျက်မှောင်ကြုံ့မိ၏။

ထိုလူသားက သူ့အပေါ်ကောင်းပေးလေလေ
ကြောက်မိလေလေပင်မို့ သူက ဖုန်းထုတ်ကာ
ရှောင်းကျန့်အနားမှ သူ့လူအရေအတွက်ကို ထပ်တိုးရန်စီမံသည်။

ဘယ်လိုနည်းနဲ့မှ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ပါ။

.
.
.

ရေချိုးပြီးခါစမို့ ရိပေါ် နဖူးပေါ်မှ ဆံသားပျော့ပျော့များက ဝဲကျမနေပဲ အချောင်းလိုက်ဖြစ်ကာအသားနှင့်ကပ်နေသည်။ ခါတိုင်းလို Suitမဟုတ်ဘဲ ရှောင်းကျန့်ထုတ်ပေးထားသည့် T-shirtနှင့်
ချည်သားဘောင်းဘီပွပွကိုသာ တွဲဖက်ဝတ်ဆင်ထားသဖြင့် ကိန်းကြီးခမ်းကြီးမနိုင်မနေပဲ လွတ်လပ်ပေါ့ပါးသော လူငယ်တစ်ယောက်ရဲ့အသွင်မျိုးသာရှိ၏။

သေချာပြန်တွေးကြည့်လိုက်မှ ဘယ်လိုပဲ
companyတစ်ခုကို ဦးစီးနေရပါစေဦး
ဝမ်ရိပေါ်က အခုမှ လူငယ်လေးသာရှိသေးသည်ပင်။

ရှောင်းကျန့် နှုတ်ခမ်းထက် ပြုံးယောင်သန်းသွားရသည်။

သူက ညင်သာစွာ ပြောလာခဲ့၏။

" ညက ဘာမှမစားခဲ့ဘူးမလား၊ ကော ဒီနေ့ဟင်းချက်ထားတယ်။ အတူတူစားရအောင် "

...

ထမင်းစားပွဲမှာ တစ်ချက်တစ်ချက်ထွက်လာတတ်သည့် တူသံ၊ဇွန်းသံများမှလွဲ၍ ဘာအသံမှရှိမနေပါ။

သို့သော် နွေးထွေးမှုသေးသေးလေးတော့ ရှိနေခဲ့သည်ကိုတော့ အိမ်အကူအဒေါ်က ခံစားနေရပါသည်။

အရင်ကဆို ဥက္ကဌဟာ ဘယ်တုန်းကမှ အိမ်မှာ
ထမင်းစားလေ့စားထမရှိပေ၊ ကြုံတောင့်ကြုံခဲစားဖြစ်လျှင်လည်း အမြဲတစ်ယောက်တည်းသာ စားသောကြောင့် တစ်လုတ်နှစ်လုတ်သာ စားပြီးသည်နှင့် ထသွားတတ်သည်။

အခုများတော့ မစ္စတာရှောင်းထည့်ပေးတာမှန်သမျှကို ရုပ်တည်ကြီးနဲ့ မငြင်းပဲ စားနေပါရော့လား

" ရှောင်းကျန့်..တော်လောက်ပြီ "

" အာ? တော်ပြီလား? "

My Ex Boss Where stories live. Discover now