Chapter 1-U/Z

1.3K 46 2
                                    

Unicode

ခေါင်းထဲတွင် ပြင်းထန်သော နာကျင်ကိုက်ခဲမှုတစ်ခု၊ သူမအနားမှ အသံများ ပဲ့တင်ထပ်နေပုံရသည်မှာ အဝေးမှ ထွက်ပေါ်လာသော်လည်း တစ်ချိန်တည်းမှာပင် အလွန်နီး ကပ်လာနေသလိုခံစားရသည်။

ချူရန်က အမှောင်ထုထဲမှ 'အက်ကွဲသံ' နှင့် 'ချိုင်ချိုင်' ဟူသော အသံရှည်ကြီးဖြင့် ဖြည်းညှင်းစွာ နိုးလာသည်။

မကြာသေးမီကပဲသူမကဓာတ်ပုံရိုက်ရန် ငြီးငွေ့လာသဖြင့် ဓာတ်ပုံစတူဒီယိုရှိ မိတ်ကပ် စားပွဲပေါ်တွင် ခဏတာ မျက်လုံးများကို အနားယူနေခဲ့သည်။

အကြာကြီး အိပ်ပျော်သွားသလိုပဲ၊အခု... သူမရှေ့က အမေကမျက်ဝန်းတွေမီးတောက်မတက်ပူလောင်နေသလို သူမကိုကြည့်နေသည်။သူမခေါင်းကိုက်နေသေးပေမယ့် သူမအမေရဲ့အသွင်အပြင်ကိုသေချာကြည့်လိုက်သည်။၀ိုး သူမအမေသုံးတဲ့မိတ်ကပ်ပညာရှင်ကအရမ်းတော်တာပဲ အမေရဲ့ အပြင်ဘက်မျက်လုံးမှာရှိတဲ့ အရေးအကြောင်း တွေနဲ့ နှာတံဖျားအထိ အရောင်အစက်တွေကိုလုံးဝကို မရှိတော့သလိုဖြစ်အောင်ပြင်နိုင်တယ်။

အဲဒါအပြင်သူမအမေကအမေရိုးရာဝတ်စုံကိုဝတ်ဆင်ထား ပီး နူးညံ့သိမ်မွေ့ကာရိုးသားကောင်းမွန်တဲ့အမျိုးသမီးတစ် ယောက်ပုံရိပ်အပြည့်အဝရှိနေသည်။သူမဦးခေါင်းကနာ ကျင်နေမှုကသိပ်အသားမကျပေမယ့်ခံနိုင်လောက်တဲ့ အနေအထားမှာရှိနေသေးသည်။ ချူရန်ကသူမအမေကို ပြုံးပြလိုက်ရင်း..

"အမေရိုက်ပီးပီလား?သမီးအလှည့်လား?"

"ချိုင်ချိုင်..နိုးလာပီလား?"

လူနှစ်ယောက်အသံကတပြိုင်နက်ထဲထွက်လာသည်။ ချူရန်ကထိုလူတွေပြောတာသေချာကြားမနေဘူးဒါပေ မယ့်သူမခေါင်းညိတ်လိုက်သည်။

"အင်း..ဟင်..အမေ..ဘာလို့ငိုနေတာလဲ?"

သူမစကားစပြောထဲကသူမရှေ့ကအမေကမျက်ရည်များ စွာကျဆင်းပြီးဝမ်းပန်းတနည်းငိုနေသည်။ဒါကအမြဲစည်း ကမ်းကြီးတင်းကြပ်တဲ့မိုးကြိုးလူသားဆိုတဲ့အမေရဲ့နာမည် နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်။သန်မာစည်းကမ်းကြီး တဲ့ဒီအမျိုးသမီးကဒီလိုလဲပြောင်းလဲတက်လား။ ချူရန်တစ် ခုခုပြောဖို့တွေးလိုက်သည်။

Ghostly Masked Prince Xiao: Pampering and Spoiling the Little Adorable ConsortWhere stories live. Discover now