Chapter 8- U/Z

221 25 2
                                    

"ထင်တဲ့အတိုင်းပဲ..တောမှာကြီးခဲ့တာလို့မပြောရဘူး..ခြေ လက်တွေကိုကြည့်ပိန်ကပ်နေတာပဲ..အပြင်သွားရင် ယောက်ျားလေးလို့တောင်ထင်အုန်းမယ်..."

ထိုကျယ်လောင်သော အသံကို တံခါးဝမှ ကြားလိုက်ရ ပြန်သည်။ ချူချင်းယန်ကအသံလာရာကြည့်တော့သူမရဲ့ တတိယဒေါ်လေးဆိုတဲ့သူဖြစ်သည်။တတိယဒေါ်လေးဆိုသူကသခင်ဝမ်ဖြစ်ပီးသူမရဲ့စူးရှအေး စက်တဲ့မှတ်ချက်ကို အားလုံးကလဲသဘောတူပုံရသည်။ ချူချင်းယန်ကအားလုံး ရဲ့သူမပေါ်ကြည့်တဲ့အကြည့်ကိုမနှစ်မြို့စွာမျက်ခုံးတွန့် လိုက်သည်။

"ထားတော့..ဘာပဲဖြစ်ဖြစ်သူမကချူမိသားစုကမမလေးပဲ .. ဘာမှမရှိတာထက်တော့ပိုကောင်းတာပဲ"

ချူသခင်မကြီးကအားလုံးကိုအချုပ်အနေနဲ့ဝင်ပြောလိုက် သည်။

"အမေပြောတာမှန်တယ်..ဒီကိုရောက်နေပြီပဲ..အားလုံးအဆင်ပြေသွားပြီပေါ့"

ဒုတိယဒေါ်လေးနာမည်ကသခင်မရှင်းဖြစ်ပြီးသူမကအပြုံး နဲ့ဝင်ပြောလိုက်သည်။

"သူမအဝတ်အစားနဲ့လက်ရှိပုံစံကပြောင်းလို့ရပါတယ်။ဒီ မှာရက်ပိုင်းလောက်နေလိုက်ရင်ကိုချူမိသားစုမမလေးလို့ အပြင်လူနဲ့မိတ်ဆက်လို့ရပါတယ်။အမေနဲ့အဖေစိတ်ချ ပါ" သခင်ဝမ်ကဟင်းသီးဟင်းရွက်ကိုဆေးကြောလိုက်ရင် သန့်သွားတော့မလိုမျိုးဝင်ပြောလိုက်ကာချူချင်းယန်ကို လဲရွေးယူထားတဲ့ဟင်းသီးဟင်းရွက်လိုကြည့်လာသည်။

တကယ်လဲချူချင်းယန်ကပိန်ပါးပီးအားနည်းပေမယ့်ရုပ်မဆိုးဘူး။ သခင်ဝမ်ကလူများစွာတွေ့ဘူးလာသူမို့တစ်ချက် ကြည့်တာနဲ့ချူချင်းယန်ကလှပတဲ့မျိုးစေ့မှန်းတန်းသိသည်ရက်နည်းနည်းလောက်သေချာဂရုစိုက်လိုက်ရင်ဒီအိမ်က သမီးတွေကိုတောင်ကျော်နိုင်တယ်။သခင်ဝမ်မျက်ဝန်း တွေကအနည်းငယ်မနာလိုစိတ်တွေပူလောင်သွားသည်။

ချူချင်းယန် ကအခုဒီမိသားစုစကားပြောတဲ့ပုံကိုအတော် နားလည်သွားပြီ။ဒါပေမယ့်သနားစရာအကောင်းဆုံးက သူမအမေပဲ။သူမရဲ့သမီးကိုအားလုံးကိုမညှာမတာဝေဖန် နေကြသည်။

"တွေ့စရာရှိတာတွေ့ပီးပီဆိုတော့..မင်းပဲနေထိုင်မယ့်ကိစ္စ ဆက်စီစဉ်လိုက်တော့..ငါသွားနားတော့မယ်"

You've reached the end of published parts.

⏰ Last updated: Dec 04, 2023 ⏰

Add this story to your Library to get notified about new parts!

Ghostly Masked Prince Xiao: Pampering and Spoiling the Little Adorable ConsortWhere stories live. Discover now