Chapter 2-U/Z

409 37 2
                                    

Unicode

ရှေးခတ်ကိုရောက်ပီး၃ရက်အကြာ..ချူချင်းယန်ကစာအုပ် တွေထဲကစကားလုံးတွေကလှပီးဘဝကခါးသီးတယ်ဆို တာကိုလေးနက်စွာသဘောပေါက်သွားတယ်။သူမမှာစိတ်ကူးများစွာရှိရင်တောင်အကောင်ထည်ဖော်ဖို့ခက်ခဲသည်။

မျိုးကောင်းစပါးခင်းတွေရဲ့ဘုရင်ဖြစ်ဖို့၊မြေသြဇာလုပ်ငန်း ရှင်လုပ်ဖို့၊ဆောက်လုပ်ရေးလုပ်ငန်းနဲ့ကြီးပွားဖို့..ဒီမှာ.. အိမ်မက်မက်နေမှသာဖြစ်သည်။

သူမလက်နှစ်ဘက်နဲ့ကိုယ်တိုင်ချမ်းသာအောင်လုပ်ဖို့ရည် ရွယ်ထားပေမယ့်အာဟာရမပြည့်အင်အားချည့်နဲ့ကာ ကြက်တစ်ကောင်ကိုတောင်မဖမ်းနိုင်တဲ့သူမလက်တွေကို ကြည့်ပီးချူချင်းယန်စိတ်ပျက်အားလျော့ရသည်။

ဘာအဆင့်တန်း၊ဘာပိုက်ဆံမှမရှိတဲ့လက်ရှိဘဝကဝမ်းဝ ဖို့တောင်အနိုင်နိုင်ပဲ။

ချူချင်းယန်ကဆာလောင်နေတဲ့ဗိုက်လေးကိုဖွဖွပွတ်လိုက် သည်။အိမ်မှာစားဖို့ဘာမှမရှိနေဘူး။ နေ့တိုင်း ဆန်ကြမ်း ဆန်ပြုတ်တစ်ပန်းကန်လောက် သောက်နိုင်တာတော် တော်ကောင်းနေပြီ။သူမတို့အိမ်ဆိုတာကလဲနံရံလေးခုကလွဲရင်ဘာမှမရှိနေတာမို့ဆင်းရဲနွမ်းပါးမှု အတိုင်းအတာ ကသူမစိတ်ကူးကို ကျော်လွန်နေပြီဖြစ်သည်။

ချူချင်းယန်သက်ပြင်းချလိုက်တုန်းညစ်ပေနေတဲ့ပေါက်စီ တစ်ခုကသူမမျက်စိရှေ့မှာပေါ်လာသည်။သူကမပေါက်စီ ကိုယူလာသူကိုတစ်ချက်ပြန်ကြည့်လိုက်တော့..နေရောင် ခြည်လိုတောက်ပစွာပြုံးရင်းသူမကိုချီးကျူးခံချင်သလိုမျက် ဝန်းတွေနဲ့ကြည့်နေတဲ့သူမအဖေကိုတွေ့လိုက်ရသည်။

"အဖေ..ဒါဘယ်ကရလာတာလဲ?"

ထိုခဏမှာချူချင်းယန်နှလုံးသားတွေတင်းကြပ်သွားသည်။ သူမအဖေတခြားလူရဲ့စားစရာကိုအတင်းယူလာခဲ့ပြန်တာ လား!

ချူချင်းယန်အဲလိုတွေးတာလဲအပြစ်ပြောလို့မရဘူး။

ဒီ၃ရက်အတွင်းမှာ..သူမက..သူအဖေအရှုပ်တွေကိုပဲလိုက် ရှင်းနေခဲ့ရတာ။သူများအဝတ်တန်းတွေကိုမသိဘဲတိုက် ပြေးသည်။ခွေးတွေလိုက်ခံရသည်။ သူမရဲ့သနားစရာဒဏ် ရာလေးကသေချာမကောင်းသေးဘူး..သူမကတော့သူ့ နောက်ကနေလိုက်ပီးတစ်ရွာလုံးအနှံ့လျှောက်သွားနေရ သည်။အမြဲလိုလိုအဖေနားမလိုက်ခဲ့ရင်သူမအမေသနားစ ဖွယ်ရှာထားတဲ့ပိုက်ဆံတွေကတခြားလူတွေကိုလျှော်ပေး ဖို့တောင်လောက်မှာမဟုတ်ဘူး။

Ghostly Masked Prince Xiao: Pampering and Spoiling the Little Adorable ConsortWhere stories live. Discover now