Chapter 3 - U/Z

243 27 2
                                    

unicode

အဖေချူက 'ခြံနောက်ဘက်မှာကြက်သွန်မြိတ်စိုက်ပေး မယ့်သူ'ကိုအိပ်ယာပေါ်တင်ပေးပီးနောက်ပျော်ရွှင်စွာပြေး ထွက်သွားသည်။သူက'ခြံနောက်ဘက်မှာကြက်သွန်မြိတ် စိုက်ပေးမယ့်သူ' မနိုးခင်ငါးဖမ်းပိုက်သွားရှာမယ်လို့ပြော သွားသေးသည်။

ချူချင်းယန်ကရယ်ချင်စွာသူ့ကိုလွှတ်ပေးလိုက်သည်။တ ခြားလူတွေကိုပြသနာသွားမရှာရင်ပီးတာပဲ။

မကြာခင်မှာပင် သူမကထိုလူမျက်နှာကို ဆေးရန် ရေနွေး အနည်းငယ် ပြင်ဆင်ရန် မီးမွှေးလိုက်သည်။ ဆောင်းဦးမို့ ထင်းတွေကစိုချင်နေတာမို့အချိန်အတော်ကြာမှမီးရလာ သည်။ ချူချင်းယန်မျက်နှာတစ်ခုလုံးလဲပြာတွေနဲ့မဲမှောင် သွားသည်။ သူမကရေဇလုံကိုသယ်ရင်းအခန်းထဲဝင်သွား လိုက်သည်။

သူမကရေဇလုံကိုချရင်းထိုလူကိုပြန်ကြည့်မိသည်။ထိုလူကအရပ်ရှည်ပြီးဗလကြီးတဲ့အမျိုးအစားမဟုတ်ပေ။သူက ပိန်ပါးပြီးသန်မာတဲ့ပုံစံဖြစ်သည်။

သူကသူမသူငယ်ချင်းမများအလွန်ကြိုက်တဲ့ 'မစ္စတာပြီး ပြည့်စုံ' လိုလူမျိုးဖြစ်သည်။သို့ပေမယ့်ချူချင်းယန်အခုအဲဒါ ကိုစိတ်မဝင်စားနိုင်ဘူး..သူမမှာဒီလူကိုကယ်ပြီးနောက်မှာ ဘာဖြစ်လာမလဲဆိုတဲ့စိုးရိမ်စိတ်အချို့သာရှိနေသည်။

သူမမိသားစုရဲ့အိပ်ခန်းကျဉ်းကျဉ်းလေးမှာ ချို့တဲ့စွာလဲ လျောင်းနေတဲ့ထိုလူကိုကြည့်ပီးတစ်ခုခုမှားနေသလိုခံစား နေရသည်။

ချူချင်းယန်ကခေါင်းယမ်းကာအဝတ်ကိုညှစ်ရင်းထိုလူရဲ့ ခရမ်းသီးမျက်နှာကိုရေနွေးနဲ့သုတ်သင်ပေးကာထိုမျက်နှာ အရောင်များကျလာမလားတွေးမိသေးသည်။သို့ပေမယ့် ဘယ်လောက်သုတ်သုတ်ထိုမျက်နှာကအရောင်ပြောင်း မသွားဘူး။ ချူချင်းယန်မျက်ခုံးတွန့်သွားမိသည်။သူက ဒီလိုမျက်နှာနဲ့မွေးလာတာလား?

သနားစရာကောင်းတာကသူမမှာ တိုင်ပင်စရာလူမရှိဘူး ချူချင်းယန်ကသူမနဖူးကိုပြန်ရိုက်ကာ..

"ငါတကယ်ပဲဒုက္ခရှာလာမိပီနဲ့ထင်တယ်..ဒီလူက..ဒီလိုနဲ့ ဒုက္ခိတဖြစ်သွားတော့မှာလား"

Ghostly Masked Prince Xiao: Pampering and Spoiling the Little Adorable ConsortWhere stories live. Discover now