Chapter 5 - U/Z

139 19 1
                                    

နောက်နေ့မနက်စောစောသူမတို့နိုးတော့အမေချူက လီအမျိုးသမီးကိုသူမဆုံးဖြတ်ချက်ကိုပြောပြလိုက်တော့ ထိုအမျိုးသမီးမျက်ဝန်းတွေကတောက်ပသွာသည်။သူမက အမေချူကိုဘယ်လိုဉာဏ်ပညာကြီးကြောင်းအစချီကာချီး မွှမ်းခန်းများစွာဖွင့်ခဲ့တယ်။ဒါပေမယ့်သူမမျက်ဝန်းထဲကမုန်း တီးအထင်သေးတဲ့အရိပ်တွေကိုတော့မဖယ်ရှားနိုင်ဘူး။

အမေချူနဲ့ချူချင်းယန်ကတစ်ယောက်ကိုတစ်ယောက် နားလည်စွာပြန်ကြည့်လိုက်သည်။

ထိုခဏမှာအဖေချူကရုတ်တရက်အိမ်ထဲကနေပြေးထွက် လာပီးလေးနက်စွာပြောလိုက်သည်။

"အမေတန်..ဘာလို့ငါတို့ဒီကထွက်သွားမှာလဲ?"

"ဒါက...." အမေချူကရုတ်တရက်သူ့ကိုဘယ်လိုရှင်းပြရ မလဲမသိဖြစ်သွားသည်။

"အဖေ..သမီးတို့မြို့ကိုပြန်မယ်လေ..အဲဒိ့မှာသမီးတို့အိမ် ရှိတယ်" ချူချင်းယန်ကသူ့ကိုချော့မော့လိုက်သည်။

"ဟင့်အင်း..မသွားဘူး..ဒါငါတို့အိမ်"

အဖေချူကခိုင်မာစွာအကြောက်အကန်ပြောလိုက်သည်။

ချူချင်းယန်ကအပြုံးနဲ့ဆက်ပြောလိုက်သည်။

"အဖေ..သစ်သီးတုတ်ထိုး၊ဂူဟွာမုန့်တွေမစားချင်ဘူးလား ဒီမှာမရရင်တောင်မြို့တော်မှာအများကြီးပဲ!သမီးတို့အတူသွားစားရအောင်!"

"အဲဒိ့မှာသစ်သီးတုတ်ထိုးရှိတာလား?"

အဖေချူမျက်ဝန်းတွေကချက်ခြင်းတောက်ပသွားသည်။

"ဂူဟွာမုန့်ရောလား?"

ချူချင်းယန်ကခေါင်းညိတ်လိုက်ပြီး..

"အဲဒိ့မှာဘဲကင်ရော..တခြားစားစရာတွေအများကြီးရှိ တယ်....."

ခေါင်းအကြိမ်ကြိမ်ညိတ်ပြီးနောက်..ချူချင်းယန်ကသူမအဖေကိုလုံးဝစည်းရုံးနိုင်ပီလို့ထင်လိုက်ကာသက်ပြင်းချ လိုက်တုန်းသူမအဖေမျက်နှာကထပ်မှုန်မှိုင်းသွားတာကို သူမထပ်တွေ့လိုက်ရသည်။

"အဖေ..ဘာဖြစ်လို့လဲ?"

"ဒါပေမယ့် 'ခြံနောက်ဘက်မှာကြက်သွန်မြိတ်စိုက်ပေး မယ့်သူ' ကမရှိတော့ဘူး။အဖေတို့သူ့ကိုစောင့်ပြီးမှအတူ သွားလို့မရဘူးလား" အဖေချူကသနားစရာမျက်နှာခြံ၀ မှာသွားမျှော်ကြည့်လိုက်သေးသည်။

Ghostly Masked Prince Xiao: Pampering and Spoiling the Little Adorable ConsortWhere stories live. Discover now