Chapter 4-U/Z

305 30 1
                                    

unicode

ဒီလူနှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်နေနေတာကိုမြင် တော့ အရပ်ရှည်ရှည်နဲ့ ပိန်တဲ့လူကချက်ခြင်းမကျေမနပ် ဖြစ်သွားပြီးမြင်းဇက်ကြိုးကိုတင်းတင်းဆုပ်ပြီးသူတို့ကို တင်းမာစွာထပ်ပြောလိုက်သည်။

"ဟေး..နင်တို့သိလားမသိဘူးလား?"

ထိုအချိန်မှာအဖေချူကဖြေးညှင်းစွာထရပ်ရင်းကြိုးကိုသူ့ နောက်ကျောမှာထားလိုက်ကာအဘိုးလီလိုမုတ်ဆိတ်မွှေး သပ်တဲ့ပုံကိုအတုယူကာမရှိတဲ့သူ့မုတ်ဆိတ်တွေကိုသပ် လိုက်ပြီးလေးနက်တဲ့အသံနဲ့..

"ဒီနှိမ့်ချတဲ့လူကိုဘာလို့မင်းတို့လာရှာတာလဲသိခွင့်ရ မလား?"

ဘေးကချူချင်းယန်ကမနေနိုင်စွာလက်ခုပ်တီးပီးအားပေး လိုက်သည်။အဖေကအဖိုးလီနဲ့တကယ်တူတယ်။

"ဘာ..ခင်ဗျားကချူဟိုင်ယွမ်? ခင်ဗျားကရူးနေတာမဟုတ် ဘူးလား?"

အရပ်ရှည်ရှည်ပိန်ပိန်နဲ့လူကမျက်လုံးအိမ်ကျွတ်ကျမလို မျက်လုံးပြူးသွားသည်။

သူ့စကားကြားတော့ချူချင်းယန်မျက်လုံးတွေချက်ခြင်း မှေးကျဉ်းသွားသည်။ဒီလူလေသံကတကယ်လေးစားမှု မရှိဘူး..ခွေးမျက်လုံးနဲ့လူကိုနှိမ့်ချပီးကြည့်တက်တဲ့ဒီလူ မှာဘာကောင်းတဲ့ရည်ရွယ်ချက်မှရှိမှာမဟုတ်ဘူး။

"ချိုင်ချိုင်..အဖေသရုပ်ဆောင်တာကောင်းလား?"

အဖေချူကပျော်ရွှင်တဲ့မျက်နှာနဲ့သူ့သမီးကိုမေးလိုက် သည်။

အရပ်ရှည်ရှည်ပိန်ပိန်နဲ့လူကပထမအံ့သြထိတ်လန့်သွားမိပြီးတော့မှအရုပ်လေးလိုပုံနဲ့ကလေးမလေးလက်ကိုကိုင် ကာခုန်ဆွခုန်ဆွဖြစ်သွားတဲ့အဖေချူကိုကြည်ပီးတော့သူ ဒေါသမထွက်နိုင်တော့ဘူး။ ဒီအရူးကသူ့ကိုဟာသလုပ် ခဲ့တာပဲ!

ချူချင်းယန်ကဒေါသနဲ့မည်းမှောင်နေတဲ့ထိုလူကိုကြည့် ရင်းရှေ့တစ်လှမ်းတိုးလိုက်ကာ..

"ကျွန်မအဖေနာမည်ကချူဟိုင်ယွမ်..ရှင်တို့ဘာလို့လာ ရှာကြတာလဲ?"

သူမမေးခွန်းနဲ့အတူမြင်းလှည်းထဲကလောဆော်လိုက်တဲ့ အသံကြောင့်ထိုလူကဒီကိုလာတဲ့အလုပ်ကိစ္စကိုသတိရ သွားပီးသူ့မျက်နှာကိုချက်ခြင်းပြန်ပြင်လိုက်သည်။

Ghostly Masked Prince Xiao: Pampering and Spoiling the Little Adorable ConsortWhere stories live. Discover now