Chapter 6- U/Z

154 20 1
                                    

အနားယူရန် မရပ်ဘဲ လဝက်ကြာ ခရီးထွက်ခဲ့ကြသည်။

ချူချင်းယန်ကမြင်းလှည်းဒဏ်ကြောင့်အရိုးတွေတောင်ကျိုး တော့မလိုခံစားရသည်။ အမေချူလဲကိုယ်တွေလက်တွေ ကိုနှိပ်နယ်နေရသည်။ကံကောင်းတာကအဖေချူကတော့ပျော်ရွှင်နေဆဲဖြစ်ကာစိတ်အားထက်သန်နေပြီးပင်ပန်းပုံမပေါ်နေ။

ချူချင်းယန်နှလုံးသားထဲမှာစိတ်မသက်သာမှုကိုခံစားနေမိ သည်။အစေခံလီနဲ့ဒီလူစုအသည်းအသန်ခရီးနှင်နေတာကအသက်ဘေးကနေပြေးနေသလိုခံစားရသည်။ဒါက သူမနှင့်သူမ၏မိဘများကိုမိသားစုဆီပြန်လည်ဆုံတွေ့ရန် ခေါ်ယူခြင်းဆိုတဲ့ခေါင်းစဉ်ကိုမယုံနိုင်လောက်အောင်ခံစားရစေသည်။

ထိုခေါင်းစဉ်အစားသူမတို့ကိုလူသတ်ကွင်းကိုအမှီပို့နေသ လိုဆိုတာမျိုးကိုစဉ်းစားမိတော့သူမခေါင်းကခြေဖျားအထိ အေးစက်သွားသည်။

ထိုခဏမှာမြင်းလှည်းကရပ်သွားသည်။

ချူချင်းယန်မျက်ဝန်းမှာမေးခွန်းတွေပေါ်လာသည်။ထိုခဏ မှာမြင်းခွါသံကိုကြားလိုက်ရ၏ ချူချင်းယန်လိုက်ကာကို မ, ကြည့်တော့ ဝမ်တင်းကိုတွေ့လိုက်ရသည်။ဝမ်တင်းက သူမကြည့်နေတာမြင်တော့..

"နဝမသခင်မလေး..ဒီတောင်ကိုကျော်ပီးရင်မနက်ဖြန်ဆို မြို့တော်ရောက်ပီဆိုတာလာပြောတာပါ.."

ချူချင်းယန်ကခေါင်းညိတ်ကာလိုက်ကာပြန်ချလိုက်သည်။

ဝမ်တင်းကနဝမသခင်မလေးကအမြဲအေးစက်ကာစိမ်း သက်သက်ဆက်ဆံတက်တာကိုသတိထားမိသည်။အစက တောရွာကလူမို့ယဉ်ကျေးမှုနားမလည်တာလို့ထင်မိပေ မယ့်..ဒီရက်ပိုင်းသူအကဲခတ်ရလောက်နဝမသခင်မလေး ကစကားနည်းပေမယ့်..သူမပြောလိုက်တိုင်းအဓိကအချက် ကိုရွေးချယ်ပြောနိုင်တာကိုသတိထားမိသည်။

ဘယ်အချိန်တိုးရမလဲ၊ဒါမှမဟုတ်ဆုတ်ခွာရမယ်ဆိုတာသိ တယ်လို့ပြောတာပိုသင့်လျော်ပါတယ်၊တောတောင်ထဲမှာ ကြီးပြင်းလာသူတစ်ယောက်လို မခံစားရဘူး။

ထိုကဲ့သို့တွေးမိတော့..နှစ်၂၀ကျော်အိမ်တော်မှာကိုယ်ရံ တော်လိုတာဝန်ထမ်းဆောင်လာတဲ့ဝမ်တင်းတောင်ထို အေးစက်စက်မျက်ဝန်းတွေကိုထိတ်လန့်မိသည်။ချူမိသားစုသို့ ပြန်လာသောနမဝသခင်မလေးမိသားစုကကံမ ကောင်းအကြောင်းမလှဟုဆိုနိုင်ပါသည်။

Ghostly Masked Prince Xiao: Pampering and Spoiling the Little Adorable ConsortWhere stories live. Discover now