Chapter 7- U/Z

129 18 1
                                    

အဝေးကနေချူအိမ်တော်ဆိုတဲ့ဆိုင်းဘုတ်ကိုမြင်တော့ ချူချင်းယန်မျက်ခုံးပင့်သွားသည်။နောက်ဆုံးရောက်လာ ပြီပေါ့။

လှည်းကဂိတ်ဝတွင်ရပ်မည်ဟုသူမထင်ခဲ့ကာရထားပေါ်မှ ဆင်းဖို့ပြင်နေတုန်းမထင်မှတ်ပဲ ရထားက ကွေ့သွားခဲ့ပြီး သူမ မျက်မှောင်ကြုတ်လိုက်သည်။ဝမ်တင်းကသူမနားကို ရောက်လာကာ..

"နဝမသခင်မလေး..အကြီးအကဲချူက..ပထမသခင်ကြီး ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်ရှေ့ဘက်ကဝင်ရင်မိသားစုပုံရိပ်ကိုထိခိုက်မှာစိုးလို့ ဘေးတံခါးဆီကဝင်ဖို့မှာထားပါတယ်"

ဝမ်တင်းရဲ့စကားကြောင့်ချူချင်းယန်ဒေါသဖြစ်လွန်းစွာ ရယ်မောလိုက်သည်။ဒီတော့ရောက်တာနဲ့သူတို့ကအာ ဏာပြချင်တာလား။သူအဖေရဲ့နောက်ကြောင်းကိုလက် ညိုးထိုးချင်တာလား။ဘာပဲဖြစ်ဖြစ်..သူမကတော့လက်မခံ ချင်ဘူး။

ချူချင်းယန်ကပြန်ပြောဖို့ပြင်တုန်းသူမလက်ကိုသူမအမေ ကဆုပ်ကိုင်ရင်းကူရာမဲ့စွာဖြင့်ကြည့်လာသည်။

"အမေ..သမီးသူတို့နဲ့ပြောမယ်..အဖေ့ကိုဒီလိုဆက်ဆံ တာလက်မခံဘူး"

မူလက တစ်မိသားစုလုံး အပြင်ထွက်၍ ဆင်းရဲမွဲတေကာ ဆင်းရဲဒုက္ခများစွာ ခံနေကြရသည်။အခု၁၀နှစ်ကျော်သွား တာတောင် ချူမိသားစုအိမ်..ကိုယ်ပိုင်တဲ့ကိုယ့်အိမ်ကို ဘယ်လိုပုံနဲ့ပြန်ဝင်ရမှာလဲ။သူတို့အရှေ့တံခါးကပဲဝင်ရင် ကံဆိုးတော့မလိုနောက်တံခါးကဝင်ခိုင်းတယ်။သူမရင်ထဲ မှာနှိမ်ချိုးခံရလွန်းလို့မချိဘူး!

အမေချူကခေါင်းယမ်းရင်း..

"ချိုင်ချိုင်..ဒေါသမဖြစ်ပါနဲ့..အမေတို့လုပ်စရာတွေရှိသေး တာမို့ခဏသည်းခံလိုက်ပါ"

ထိုစကားကြားတော့ချူချင်းယန်ကတကယ်ပဲသူမစိတ်မ ထိန်းနိုင်ဖြစ်လွန်းတယ်လို့ထင်မိသည်။သူမဒီလောက်ဝမ်း နည်းနေရင်၁၀နှစ်ကျော်ခံစားခဲ့ရတဲ့သူမအမေဘယ်လိုနေမလဲ။ချူချင်းယန်ရင်ထဲနာကျင်မိသည်။ဘာပဲဖြစ်ဖြစ်ဒီ ခေတ်အနေအထားကိုသေချာနားမလည်ခင်မှာသူမသည်းခံဖို့ဆုံးဖြတ်လိုက်သည်။မဟုတ်ရင်သူမမိဘတွေပါသက် ရောက်မှုဖြစ်သွားစေနိုင်သည်။သူမအံကိုတင်းတင်းကြိတ် ကာသည်းခံလိုက်သည်။

Ghostly Masked Prince Xiao: Pampering and Spoiling the Little Adorable ConsortWhere stories live. Discover now