နိဒါန်း

508 7 0
                                    


နိဒါန်း

လောကမှာ ငါအမုန်းဆုံးကလေ မိန်းကလေးတွေကို အထင်သေးသလိုကြည့်တတ် ပြောတတ်တဲ့ ယောက်ျားတွေကိုပဲ။

ငွေတစ်ခုတည်းနှင့်အရာရာကိုသိမ်းပိုက်နိုင်မယ်လို့နင်ထင်နေသလား..ဒါဆိုရင်..နင်မှားသွားပြီ နင်ထင်နေတဲ့..မိန်းကလေးမျိုးထဲမှာ..ငါလုံး၀မပါဘူး..။

နင့်ကိုငါ ... အရမ်းမုန်းတယ် ..၊ နင့်မျက်နှာကို ငါမြင်ရင်လေ..အောဂလီဆန်လွန်းလို့...၊

သူ့ရဲ့ စရိုက်တွေအကျင့်တွေက ငါ့နားထဲမှာ သိပ်ကိုခါးနေတာ၊ မိန်းကလေးတွေ ကြိုက်တယ်ဆိုတဲ့ ပုံစံမျိုးထဲမှာ..သူ့လို ပုံစံကို..ငါအမုန်းဆုံးပဲ..။

ဘာလဲ ... မုန်းတယ်ဆိုတဲ့ စကားက နင့်အတွက်သိပ်ကို ချိုမြိန်လွန်းလို့ .. ထပ်ခါထပ်ခါ နားထောင်ချင်နေတာလား ..ငါ့အတွက်တော့ နင့်နဲ့ပတ်သက်ပြီး မုန်းတယ်ဆိုတဲ့စကားအပြင်ဘာဆိုဘာမှပြောစရာမရှိတော့ဘူး..'။

ဟုတ်တယ် .. နင့်ကို..ငါမုန်းတယ်..နင့်ကိုငါဘယ်အရာမှမကြိုက်ဘူး..၊ နင့်ရဲ့ ရွဲ့ဆောင်းနေတဲ့ အဲဒီဆုံပင်ပုံစံ၊ မျက်၀န်းညိုညိုနှင့် မိန်းကလေးတွေကိုလိုက်ကြူနေတာတွေ၊ ပြီးတော့တစ်စက်ကလေးမှတည်ငြိမ်မှုမရှိတဲ့နင့်ရဲ့၀တ်စားဆင်ယင်မှု၊အနေအထိုင်အပြောအဆို..အားလုံးကိုမုန်းတယ်

မုန်းတယ်..မုန်းတယ်'။

လေပြည်ငြိမ်း

ငါကလည်း ..အဲဒီလို မိန်ကလေးမျိုးမှ သဘောကျတာ..ငါ့ကိုတွေ့လိုက်ရင် အထာပေးတတ်တဲ့ မိန်းကလေးတွေ၊ငါကလိုက်ရင်..ပြန်ကြိုက်တဲ့မိန်းကလေးတွေကိုပဲ..တွေ့နေရတာ..ရိုးအီနေပြီ။

အဲဒီလို.. မိန်ကလေးမျိုးတစ်ခါမှ..မတွေ့ဘူးသေးဘူး..ငါကလည်း သူငါ့ကိုအမြဲတမ်း ပြန်ဖဲ့နေတာ သဘောကျတာ..။

သူ ဘယ်သူ ..ဘယ်လို..ငါ့ကို..ဖလိုင်းကြီး၀င်ဖောင်းသွားရတာလဲ..လုံး၀မနှိပ်ဘူး..သူက ငါ့အကြောင်း ဘာမှမသိသေးလို့ မြွေပွေးကို တုတ်နဲ့လာထိုးတာထင်တယ်...ငါ ဘယ်လိုလူစားမျိုးလဲဆိုတာ သူ့ကို သိအောင်ပြရမယ်..။

အမုန်း၌ မွေ့ပျော်ခြင်း (unicode, zawgyi)Where stories live. Discover now