အခန်း (၁၀)

111 7 0
                                    

'နင်င့ါကို..ဘာကြောင့်..ဒီလောက်ထိ မုန်းနေရတာလဲ..လေပြည်..ငါနင့်ကို ဘာတွေများလုပ်ခဲ့မိလို့လဲ..'။

'ငါမကြားချင်ဘူး..မုန်တိုင်း..နင်ထွက်သွားတော့..'

သူမကပြန်အော်လိုက်ပေမယ့် သူကတစ်ဖ၀ါးမှ မရွေ့။

သူ့လက်ထဲမှာ ကိုင်ထားသော ပန်းစည်းကိုသာ သူမဆီသို့ လှမ်းပေးနေရင်း

'ငါတောင်းပန်နေတာ..လေပြည်..နင်ဘာကြောင့်..ငါ့အပေါ်ဒီလောင်ထိ ခါးသီးနေရတယ်ဆိုတာကို..ငါမသိပေမယ့်..ငါမုန်းမရဘူး..နင့်ကို ငါချစ်တယ်..'

'နင်..အဲဒီမှာ..သွားသေလိုက်..မုန်တိုင်း..ငါနင့်ကိုဘာစကားမှပြောစရာမရှိသလို..နင့်စကားတွေလည်း..ငါနားထောင်စရာမလိုဘူး..မုန်တိုင်းနင့်ဆီကတောင်းပန်မှုကို..ငါဘယ်တော့မှ..မတောင်းခံသလို..ငါ့ဆီက ခွင့်လွတ် ဖို့ကိုလည်း..ဘယ်တော့မှ..မမျှော်လင့်နဲ့...'၊

'ဒါဟာ..နင်တစ်ဖက်သက်ကြီး..ဆုံးဖြတ်နေတာပဲ..လေပြည်..'

သူကပြောလျှင်သူဆီသို့ သူမစူးခနဲ စိုက်ကြည့်လိုက်ပြီး

'တစ်ဖက်သက်မဟုတ်ပါဘူး..နင့်ဘက်က..ငါ့ကို ချစ်တယ်လို့..ပြောခွင့်ရှိသလို..ငါ့မှာလည်းနင့်ကို..ငြင်းပိုင်ခွင့်ရှိနေတယ်လေ..ဒါကြောင့်..ငါငြင်းနေတာ..နင့်ကို..ငါငြင်းလိုက်ပြီ..နင်..ငါ့ကိုဆက်မနှောင့်ယှက်ဖို့မျှော်လင့်ပါတယ်..နင် မသွားရင်တော့..ငါဒီနေရာက ထွက်သွားရလိမ့်မယ်'

သူမကဆတ်ခနဲထရပ်ပစ်လိုက်ပြီး သူ့ကိုမျက်စောင်းထိုးပစ်လိုက်သည်။

သူကတော့ သူ့ဘ၀မှာတစ်ခါမှ အငြင်းမခံရဘူးတဲ့အတွက် မှင်သက်နေရင်း သူမကို ဘာစကားမှပြန်မပြောတော့။

သူဒီလိုခံစားပြနေပုံက တစ်ကယ် ခံစားနေရတဲ့ ပုံပင်။

သူဟာ တစ်ကယ်ပဲ သရုပ်ဆောင် ကောင်းလွန်ပါသည်။

သူက သူမကို ဘာမှမပြန်မပြောဘဲ ရပ်ကြည့်နေရင်း သူမအနည်းငယ်၀ေး သွားတော့မှသူမနောက်ကလိုက်ကာ

'နင့်မှာ အကြောင်းပြချက်ရှိတယ်..မဟုတ်လား..အဲဒီအကြောင်းပြချက်ကို..ငါသိချင်တယ် လေပြည်..'

အမုန်း၌ မွေ့ပျော်ခြင်း (unicode, zawgyi)Where stories live. Discover now