အခန်း (၁၃)

96 5 0
                                    

သီတင်းကျွတ်ကျောင်းပိတ်ရက်တွေကြားထဲခံသွားတော့ သူနှင့်လေပြည်တို့မတွေ့ဖြစ်ကြတော့။

ကိုယ်လုပ်ခဲ့တဲ့ အမှားအတွက် မလုံတာလား၊ ဒါမှမဟုတ် မျက်နှာချင်းမဆိုင်ရဲတာလား၊ မရေရာဘဲနှင့် သူမနဲ့ထပ်တွေ့ဖို့ မုန်တိုင်းမကြိုးစားခဲ့။

သူမပြောခဲ့သော 'မုန်းတယ် ' ဆိုသောစကားဟာ သူ့နားထဲမှာ အခုထိကို ခါးသက်နေတုန်းပဲ။ 

ရင်ထဲက ဒဏ်ရာမကျေသေးသလိုပဲ ဆိုဆို သူမ ရှိရာဆီသို့ သူလုံး၀အရောက်မသွားဖြစ်တော့ဘဲ ဖေဖေကုမ္ပဏီရှိရာဆီသို့သာ သူအရောက်များခဲ့သည်။

လေပြည် ပြောပြော နေကျ ကိုယ်ပိုင် အရည်အချင်း မရှိတဲ့ သူ တစ်ယောက်၊ မိဘ ချမ်းသာ တာကို အခွင့်ကောင်းယူ သောင်းကျန်းနေသော သူတစ်ယောက်လည်း သူ မဖြစ်ချင်တော့။

လေပြည်ကို ကျောင်းလာလာ ပို့နေတဲ့ လေပြည့်ရဲ့ဘဲဆိုတဲ့ ဘုန်းလက်ရာ ထက် မကျော်နိုင်ရင် တောင်မှ သူ့ကို တော့ အမှီလိုက်ချင်သည်။

ကုမ္ပဏီ သွားသွား နေရင်းမှလည်း ကူညီခဲ့ ဖူးသော ဖေဖေ လူယုံ ဦးလူဇော်နဲ့ခင်နေသောကြောင့် ၀င်ထွက်ဖြစ်နေတာလည်းပါမည်။

ဖေဖေ ပြန်ရောက်လာတော့ ဖေဖေက သူ့အလုပ်ကိုလာစေချင်တာလည်းပါတာကြောင့် သူရောက်ခဲ့ခြင်းပင်။

ဘယ်လို အကြောင်းကြောင့်ဘဲ ဆိုဆို ကံကြမ္မာကတော့ သူအား အခွင့်အရေး တစ်ကြိမ် ထပ်မံပေးလိုက် သည်။

တိုက်ဆိုင်မှုတွေက အံ့ဩစရာကောင်းလောက်အောင် ပေါ်လာတတ်သည်။

သူမယုံကြည်နိုင်ချိန် အချိန်လေးအတွင်းမှာသူ၏ ငြိမ်သက်စပြုနေသော နှလုံးသားရေပြင်ဟာ

ပြန်လည်လှုပ်ခါသွားခဲ့ပြီ။

အဲဒီနေ့က ဖေဖေဆီကိုသွားရင်းနဲ့ဦးလူဇော် ရှိရာ မန်နေဂျာအခန်းထဲသို့ လမ်းလှောက်လာစဉ်ပင်။

*****************************

'ဖေဖေ..သမီး ဒီနေ့ဖေဖေ ကြိုက်တဲ့ ငါးသလောက်ပေါင်းဟင်း..ချက်လာတယ်'

သူမကပြောရင်း ဦးလူဇော်အခန်းတံခါးလေးကို ဖွင့်ကာ၀င်လာသည်။

အမုန်း၌ မွေ့ပျော်ခြင်း (unicode, zawgyi)Where stories live. Discover now