အခန််း(၁၇)

110 7 0
                                    

'မင်းနဲ့..လေပြည်နဲ့..အခြေအနေက..ဘယ်လိုလဲ..မုန်တိုင်း'၊

'ဘာဖြစ်လို့မေးတာလဲ..'။

နေမင်းနှင့် လမင်းကတစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်သည်။

ထိုအဓိပ္ပာယ်ကို မုန်တိုင်းသေချာမသိပေမယ့် လေပြည်နဲ့ ပက်သက်ပြီး..သူတို့ တစ်ခုခုကို..သိထားပြီး ဖုံးကွယ်ထားတာတော့ သေချာသည်။

'မင်းတို့..ဘာပြောမလို့လဲ..'၊

'ငါတို့ ပြောတော့ပြောချင်တယ်..ဒါပေမယ့်..'၊

'ဒါပေမယ့်..ခံမနေနဲ့ကွာ..ပွင့်လင်းစမ်းပါ..ဘာလဲ..ပြော..'၊

'အခုတလော..ငါလေပြည်တို့ကို..အကောင်တစ်ကောင်နဲ့ တွေ့နေတယ်..'၊

'ဘာ..'။

မုန်တိုင်းအသံကြောင့် တစ်ခြား၀ိုင်းများက လူများကိုသူထံသို့အကြည့်တွေရောက်သွားသည်။

'မင်း..အဲဒီလို..သွေးဆူတတ်မှန်းသိလို့..ငါတို့..တမင်..မပြောတာသိလား..မုန်တိုင်း..မင်းကို

ငါတို့ မ၀ေဖန်ဖူးဘူး..ဒါပေမယ့် အခုတော့ ပြောချင်တယ်..'၊

'ဘာလဲကွာ..'၊

'မင်းသွေးမဆူဘဲနဲ့..လေပြည်ကို..အေးအေးဆေးဆေး ဆွေးနွေးကြည့်သင့်တယ်..ငါတို့ ပြောလိုက်လို့ မင်း..သူ့ကို သံသယကြီးနဲ့ ဆက်ဆံနေတာကို သူသိသွားရင်..ငါတို့..မကောင်းဖြစ်မယ်..မုန်တိုင်း..'။

ဒီစကားကို သူမကျေမနပ်နှင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

သူနဲ့ပက်သက်ပြီး လေပြည့်ရင်ထဲမှာ ဘာမှမရှိ။

သူသံသယဖြစ်နေလျှင်လည်းခံစားရမှာက လေပြည်မဟုတ်။ သူပဲဖြစ်လိမ့်မည်။

အခု သူ့မျက်စိနှင့် မမြင်ရသေးဘဲ ဘေးစကားနဲ့တောင် အဲဒီလောက်တုန်လှုပ်နေရတာ သူမြင်တောင်မမြင်၀ံ့ပါ။

သူမဟုတ်တဲ့အခြားတစ်ယောက်ကို လေပြည်တွယ်တာသွားမှာကိုလည်းသူမလိုလား။

'မင်း..ဒီလိုလုပ်နေလို့ကတော့..သူမင်းကိုဘယ်တော့မှ..ယုံကြည်လာမှာ..မဟုတ်ဘူး..မုန်တိုင်း..၊ မင်း..တို့နှစ်ယောက်က မာနချင်းပြိုင်နေကြတာ..မှန်တယ်..၊ ဒါပေမယ့်..မင်း..သူ့ကို ချစ်ရင်..မင်းကစအရှုံးပေးရလိမ့်မယ်..မင်း..သူ့ကို နူးညံ့စွာ ဆက်ဆံရလိမ့်မယ်၊

အမုန်း၌ မွေ့ပျော်ခြင်း (unicode, zawgyi)Where stories live. Discover now