အခန်း (၁၄)

111 6 0
                                    

ကျောင်းပြန်ဖွင့်တော့ ထူးဆန်းစွာပင် လေပြည်အနားမှ သူပျောက်ဆုံးသွားသည်။

ကန်တင်းမှာလည်း သူနဲ့မဆုံဖြစ်တော့သလို သူရဲ့နှောင့်ယှက်မှုများနဲ့လည်း သူမ ရင်မဆိုင်ရတော့။

ညဘက်နှိပ်စက်တတ်တဲ့ ဖုန်းသံတွေလည်း ထပ်မမြည်တော့။ သူမဘ၀ထဲမှ သူရုန်းထွက်သွားပုံမှာ သိပ်ကို ပဟေဋိဆန်စွာ သူမအတွက်ဖြစ်တည်နေသည်။

သူလုပ်ခဲ့ သော လုပ်ရပ်အတွက် သူတစ်ခွန်းမှ မတောင်းပန်ဘဲ အခုလိုပျောက်

ဆုံးသွားခြင်းဟာလည်း သူမအတွက်တော့ ၀မ်းသာရမလိုဖြစ်နေတာ။

သူအနားမှ မရှိတဲ့ သူမဘ၀ဟာ ကျီးလန်းစားစားနေရတဲ့ ဘ၀က ကျွတ်လွှတ်ခဲ့တဲ့နေ့ပင်။

သူမ ဘ၀အတွက်လုံး၀ငြိမ်သက်နေပြီစ ဆိုတော့မှ သူကကြီးမားတဲ့ ဂရက်လှိုင်းတစ်ခုကို

သူမထံသို့ပစ်သွင်းခဲ့သည်။

ထိုခဏ၌ သူမဘ၀ဟာ ပင်လယ်ပြင်မှာ လမ်းပျောက်ခဲ့ခြင်းပင်။

'မုန်တိုင်း..အနားမှာ..မရှိတော့လည်း..ပျင်းစရာကြီးပဲနော်..'

ပုလဲကစကားစလိုက်တော့..သူမကမျက်ဆောင်းလေးပစ်ထိုးလိုက်ပြီး

'သွားပါဟာ..နင်တို့..မခံရတိုင်း..သူငါ့နားမှာမရှိတာဟာ..ငါ့အတွက်တော့..ကောင်းမွန်လှတဲ့ ဘ၀ထဲရောက်နေသလိုပဲ..'

သူမက စကားကွန့်လိုက်တော့ စန္ဒာက မျက်စလေးပစ်ကာ

'နင်..အရမ်းပျော်နေတယ်ပေါ့..'။'

"ပျော်တာပေါ့ဟ..မပျော်စရာမှ မရှိတာ..သူက..ငါ့ကို..သက်သက်မဲ့..လိုက်နှောင့်ယှက်နေတဲ့..သူ

တစ်ယောက်ပဲလေ.."၊

'ငါလဲ ဘာကြောင့်..ဒီလိုမျိုး..ပျောက်နေလဲလို့..ငါ..စဥ်းစားနေတာ..'၊

'နင်နော်..သေချင်ပြီ..သူဘာသာ ဘာကြောင့် ပျောက်ပျောက်ပေါ့..သူငါ့နားမှာ မရှိလေ..ကောင်းလေပဲ..'၊

'အင်းပါလေ..အင်းပါ..ဟိုမှာတော့..နင်အနားမှာ ရှိစေချင်တဲ့ သူလာနေပါပြီ..'ဟု စန္ဒာကလက်ညိုးလေးညွန်ပြရင်း ပြောတော့ သူမမျက်၀န်းလေးကို၀ေ့၀ဲကြည့်လိုက်မိသည်။

အမုန်း၌ မွေ့ပျော်ခြင်း (unicode, zawgyi)Where stories live. Discover now