အခန်း(၃)

133 7 0
                                    

'တောက်'၊

တစ်ချက်ပြင်းထန်စွာ သူခေါက်လိုက်ချိန်တွင် ကားတစ်စီးလုံးရှိ

သူငယ်ချင်းများ တိတ်ခနဲ ဖြစ်သွားရသည်။

အဲဒီ မိန်းကလေးက..ဘယ်သူလဲ..'၊

'လေပြည်တဲ့'၊

'ဘာ..'၊

'ဟာကွာ..မင်းကလည်း..သူ့နာမည်က..လေပြည်လို့ပြောတာကွာ'

လမင်းက၀င်ထောက်လိုက်သည်။

'လေပြည်..ဟုတ်လား...နာမည်လေးကနူးညံ့သိမ်မွေ့ပြီးလှသလောက်

လူကကြမ်းတမ်းလှချည်လား...'၊

'လူကလည်းလှပါတယ်ကွာ ..'

နေမင်းက ပျောင်ချော်ချော်၀င်ပြောသည်ကို မုန်တိုင်းက ဖျတ်ခနဲ လှည့်ကြည့်လိုက်ပြီး

'သူဘာသူ..လေပြည်မကလို့ လေပြတ်ဖြစ်ဖြစ်..ငါဂရုမစိုက်ဘူး..သူ့စကားလုံးတွေက သိပ်ကိုရင့်သီးလွန်းတယ်..ငါ့တစ်သက်တာမှာ..ငါ့ကိုဒီလောက်ထိ စွပ်စွဲပြောဆိုဖူးတာ သူတစ်ယောက်တည်းပဲရှိတယ်'

သူက လက်ညိုးတစ်ချောင်းထောင်ပြီးပြောလိုက်သည်။

'မင်းကလည်းကွာ..ဗွေမယူပါနဲ့..'၊

'ဘာ..ဗွေမယူနဲ့ဟုတ်လား..၊ သူက ကန်တင်းမှာ ငါ့မာနကို ရိုက်ချိုးသွားတာ မင်းအမြင်ဘဲလေ..ငါကဒီတိုင်းကြည့်နေရမှာလား..

ဒီလိုဆိုရင်..မုန်တိုင်းဆိုတာ ဘယ်ရှိတော့မလဲ..'

သူကပြောလိုက်တော့မှ လမင်းက သက်ပြင်းချကာ

'လေပြည်နဲ့ မုန်တိုင်း ထိပ်တိုက်တွေ့ရတယ် လို့ကွာ..'၊

'မင်းနဲ့ သိလို့လား..'၊ '

သိတယ်..သိတာမှ..သိပ်သိတာပေါ့..'

လမင်းက သက်ပြင်းချကာ ပြောသည်။

သူက ငါတို့နဲ့ စတိတ်ကျောင်းအတူတူတက်လာတာလေ..သူငယ်တန်းတည်းကနေ ဆယ်တန်းအထိ ငါနဲ့တစ်ခန်းတည်း..ဒါပေမဲ့ ငါနဲ့မခင်ပါဘူး..သူ့အကြောင်းတွေတော့သိတယ်..'

'ပြောကြည့်ပါဦး..'

မုန်းတိုင်းက ခပ်အေးအေးပင် ၀င်ပြောလိုက်တော့ အကုန်လုံး အတော် အံဩသွားရသည်။

အမုန်း၌ မွေ့ပျော်ခြင်း (unicode, zawgyi)Where stories live. Discover now