အခန်း (၅)

125 7 0
                                    

'နင်ကလည်းဟယ်..စိတ်ကိုထိန်းပါလို့ ပြောနေရဲ့သားနဲ့'

စန္နာက အတန်းထဲရောက်ရောက်ချင်း ထိုင်တောင်မထိုင်သေးဘဲ စတင်ပြောတော့သည်။ ပုလဲက

စန္နာစကားကို ထောက်ခံသည်ဟူသော သဘောနှင့် ခေါင်းကို တစ်ဆတ်ဆတ် ညိမ့်နေလေ လိုက်သည်။

'ဘာလဲ..နင်တို့က..ငါ့ဘက် မပါဘူးလား..'၊

'နင်ဘက်မပါလို့..ပြောနေတာ မဟုတ်ဘူး..လေပြည်..နင်က ငါတို့ရဲ့ သူငယ်ချင်းအရင်းကြီး တစ်ခုခုဆို..နင့်ဘက်ပဲ..ငါတို့ကပါရမှာ..ဒါပေမယ့် နင်မုန်တိုင်းနဲ့ အမြဲတမ်းထိပ်တိုက်တွေ့နေတာကိုတော့ ငါတို့လုံး၀အားမပေးဘူး.."

''ငါက..ဒါဆို..ဒီအတိုင်း..ငြိမ်ခံနေရမှာလား..ငါအဲဒီလို..မလုပ်နိုင်ဘူး..ပုလဲ..

သူမကဆတ်ခနဲ ၀င်ပြောလိုက်လျှင် ပုလဲနှင့် စန္နာတို့ ပြိုင်တူခေါင်းခါယမ်းပစ်လိုက်ပြီး

'မဟုတ်ဘူး..ငါတို့ပြောချင်တာက..ဒီသဘောမဟုတ်ဘူး..လေပြည်..

ငါပြောချင်တာက..မုန်တိုင်းဆိုတဲ့သူက မြွေပွေးတစ်​​​ကောင်လို သိပ်အဆိပ်ပြင်းတာ၊

အင်း..သူ့အဆိပ်က ဘာနဲ့တည်ဆောက်ထားတာလဲ..နင်သိလား..'၊

'ဘာနဲ့လဲ..'၊

'ငွေနဲ့..'၊

'ငွေနဲ့..'

သူမကထပ်ဆင့် ပြန်မေးလိုက်လျှင် စန္နာကခေါင်းကိုညိမ့်ပြလိုက်ပြီး

'ဟုတ်တယ်..ငွေနဲ့တည်ဆောက်ထားတာ..သူ့ရဲ့အဆိပ်ထဲမှာ ငွေတွေရောနေတာ၊

သူက ငွေနဲ့ဘာမဆို..ပြီးပြည့်စုံတယ်လို့ထင်နေတဲ့သူလေ..အဲဒါကြောင့်..နင်မုန်တိုင်းနဲ့

မပတ်သက်ဖို့..ငါတို့က တားတာပေါ့..သူက အန္တရာယ်ရှိတယ် လေပြည်'

ပြောလိုက်လျှင်လေပြည်က ပုလဲအား မျက်စောင်းလေးထိုးကာ မဲ့ပြုံးလေး တစ်ချက်ပြုံးရင်း

'ဟား..နင်တို့ကလည်း.. သူငွေရှိတာနဲ့ သူ့ကိုငါကကြောက်ရမှာလား..

ငါ့အကြောင်းလည်း..နင်တို့အသိဆုံးလေ..လေပြည်တို့က ဒီလောက်ထိ..သရဲဘော

အမုန်း၌ မွေ့ပျော်ခြင်း (unicode, zawgyi)Tempat cerita menjadi hidup. Temukan sekarang