အခန်း (၁၈)

113 7 0
                                    

'မုန်တိုင်း..'။

'ပြောလေ..'၊

'ငါ့အမေ..နေမကောင်းလို့ ငါဒီနေ့ အမေတို့အိမ်မှာ..သွားအိမ်မလို့..'။

'သွားလေ..ငါလိုက်ပို့ပေးမယ်..'။

သူ့အပြောကြောင့် သူမအံ့ဩသွားရသည်။

သူမအိမ်အပြင်ထွက်တာ  သူသိပ်မကြိုက်တာဖြစ်သည်။

အခုတော့ သူဟာ အရင်တုန်းကလို တင်းမာကျွတ်ဆတ်နေခြင်းမရှိဘဲ ပကတိနူးညံ့နေတာ သူမသတိထားမိသည်။

သူနေမကောင်းဖြစ်ပြီးကတည်းက သူပြောင်းလဲသွားတာဖြစ်သည်။

အရင်တုန်းကလို သူမကို စူးစူးကြီး စိုက်ကြည့်မနေတော့။

သူမဘယ်သွားလဲ၊ ဘာလုပ်လဲကို သံသယဖြစ်ပြီး လိုက်ကြည့်မနေတော့။

အခုတော့ လေသံနှင့် အပြုအမူကအစ နူးညံ့ညင်သာသွားတာဖြစ်သည်။

'နင်..ဘယ်နှစ်ရက်အိပ်မှာလဲ..'၊

'တစ်ရက်ပဲ..'၊

'ငါလိုက်ပို့ပေးမယ်..ကျောင်းပိတ်ထားတာဆိုတော့..နင်..အေးဆေးနေလေ..ငါနင်ပြန်ချင်တဲ့ နေ့ကျမှပဲ..ပြန်လာခေါ်ပေးမယ်..နင်..ဖုန်းဆက်လိုက်..လိုတာရှိရင်လည်း.. ပြော..ငါအားလုံးစီစဥ်ပေးမယ်..'၊

သူစကားကြောင့် သူမပင် ပါးစပ် အဟောင်းသားနှင့်နားထောင်နေမိသည်။

'ရပါတယ်..တစ်ရက်လောက်ပါပဲ..လာလည်းမခေါ်နဲ့..င့ါဘာသာငါပဲ..ပြန်လာမယ်..ရတယ်..'၊

'အင်'..ဒါပေမယ့်..နင်အခုသွားရင်တော့..ဖေဖေ..မေမေတို့ကို ကန်တော့ဖို့ မုန့်လေး၀ယ်သွားရမယ်..'၊

'ဟင်....အင်း.'။

သူ ကခဏဟု ဆိုကာအပေါ်ထပ်သို့ တက်သွားသည်။

မယုံနိုင်လောက်အောင်ပဲလား ဖေဖေ၊ မေမေတဲ့။

သူမ အံ့ဩမဆုံးနိုင်သေးခင်မှာပင် သူကပိုပြီးအံ့ဩသွားလောက်အောင်လုပ်ပြလိုက်သည်။

လှေကားပေါ်က ဆင်းလာသံ ကိုတောင်မကြားရတော့လောက်အောင် သူညင်သာ နေတာ။

သူမနားလာရပ်ပြီးသွားမယ်ဆိုတော့မ သူမ မော့ကြည့်လိုက်မိသည်။

အမုန်း၌ မွေ့ပျော်ခြင်း (unicode, zawgyi)Where stories live. Discover now