အခန်း(၁)

268 8 0
                                    


မျက်နှာကြီး စူပုတ်ကာ ကန်တင်းထဲ ခြေဆောင့်ပြီ ဆိုကတည်းက ရာသီဥတုအခြေအနေ မကောင်းမှန်း သတိထားမိလိုက်ပြီ။

နှုတ်ခမ်းကို ကိုက်ထားသော သူမကို ကြည့်ပြီးအားလုံးက ဘာများဖြစ်လဲဟူသော

မျက်နှာများနှင့်။

အမြဲတမ်းလိုလို ပြုံးနေတတ်သော သူမ မျက်နှာထားတင်းနေရင်တော့ ထိန်းမရသော ဒေါသတို့ထွက်လာပြီဆိုတာသိလိုက်ပြီ။

စားပွဲရှေ့ရှိ ခုံကို ဆတ်ခနဲ ဆွဲယူထိုင်လိုက်ပြီး တင်ထားသော ရေသန့်ဘူးထဲမှ

ရေကို အကုန်သောက်ကာ သူမဒေါသတွေကို မျိုချနေရတယ်။ ဒီလိုဆိုလျှင် သူငယ်ချင်းနှစ်ယောက်က ပျာပျာသလဲနှင့် ဘာလုပ်ရမယ် မသိ။

စိတ်မထင်လျှင် သူတို့တောင်မှ ပြန်အော်ခံရမှာစိုးလို့ ဘာမှတော့၀င် မမေးကြ။ တစ်သျှူးယူပေး သူကပေး၊ ရေဘူးပြန်ယူ သူကယူနဲ့ အလုပ်ရှုပ်နေလိုက်သေးသည်။

သူမ စိတ်ငြိမ်သက်သွားသလေက်ရှိတော့မှ ပုလဲကပင်စတင်ပြီး

'လေပြည်...နင် ဘာဖြစ်လာတာလဲဟယ်..မျက်နှာကြီးကလဲ စူပုတ်ပြီးရဲနေတာပဲ..နင် တစ်ခုခုများ အလိုမကျဖြစ်ခဲ့တာလား...နင့်အိမ်ကများ နင့်ကို ဆူလိုက်လို့လား...ဒါမှမဟုတ် နင် ကားစပယ်ရာ နဲ့များ ရန်ဖြစ်လာသလားဟယ်'

'ဟာ...နင်တို့ကလည်း'

အသံနှင့်အတူ စားပွဲပေါ်သို့ ၀ုန်းခနဲ ရိုက်ချပြစ်ကာ ပုလဲစကားကို ရပ်တန့်စေလိုက်သည်။

"လန့်လိုက်တာဟာ...နင်ကလည်း"

စန္နာက၀င် ပြောလျှင် သူမကမျက်စောင်းကို ပိတ်ပြီးထိုးပြလိုက်တော့ စန္နာ

အလိုလိုပိတ်သွားရသည်။ ဘာမှ ဆက်ကာ မပြောရဲတော့။

ပြီးတော့မှ သူက သက်ပြင်းချကာ သူတို့ကို ၀ေ၀ဲကြည့်လိုက်ပြီး

'နင်တို့ကျောင်းမှာဘာဖြစ်နေတာလဲ..အမ်..ငါလေ..တစ်လမ်းလုံး..ပြီးတော့ကျောင်းကားတစ်စီးလုံးဆိုတာ..အို..ပြောမနေနဲ့..အဲဒီစကားတစ်ခွန်းတည်းပဲ..ကြားနေရတယ်..တစ်ခွန်းတည်းနော်..တတစ်ခွန်းတည်း'

အမုန်း၌ မွေ့ပျော်ခြင်း (unicode, zawgyi)Where stories live. Discover now