PART 1

7.2K 440 21
                                    

အပိုင်း 🍀1🍀

"အား.....ဂျောင်ကု...လွှတ်..ငါ့ကိုလွှတ်..အား..."

Jimin တစ်ယောက် ရုန်းကာ Jungkook ကို သူ့လက်သီးသေးသေးလေးနဲ့ထုရိုက်နေမိတော့သည်။

Jungkook က Jimin အား အိမ်ကြီးရဲ့ အလည် ဧည့်ခန်းဝယ် နံရံကို ကပ်ကာ Jimin လည်တိုင်အား အတင်းစုပ်ယူနမ်းနေခြင်းပင်။

Jungkook က သူ့အားနဲ့ Jimin ပုခုံးကို ဆုပ်ယူထားသည့်အတွက် Jimin ရုန်းမရပေ...ဒါပေမယ့်ရအောင် ရုန်းနေခြင်းပင်။

"လွှတ်...လို့ပြော..နေတယ်..ဂျွန်ဂျောင်ကု"
jimin မျက်ရည်ကြည်လေးတွေ ကျလာတော့သည်။

ထိတ်လန့်သူမို့ကြောက်ရွံ့နေပေမယ့် မာနလဲရှိတာမို့ မကြောက်ဟန်ဆောင်ကာပြောသည်။
"ငါ့ကို...လွှတ်...လို့ပြောနေတယ်...."

jungkook ကြောက်မက်ဖွယ်ကောင်းသောမျက်ဝန်းများနှင့်
စူးရှစွာကြည့်လိုက်သည်။

လူသတ်ခြင်းနေသည့် ဒေါသမျက်ဝန်း
နှင့်အတူ ရင်ထဲမှာပူလောင်စွာခံစားနေရ
သည့် ဒေါသမီးလျှံ.....ကြောင့်

အရွဲ့တိုက်သောစကားလုံးများကိုပြောသည်။
"မင်းလိုချင်နေတာ.... ဒါမလား....
မင်းလိုချင်နေတာလေ..."

ဒေါသကြီးစွာ တစ်အိမ်လုံး တုန်လှုပ်သွားအောင်...အော်လိုက်သည်။
"ဒါလေ..."

အဝေးကရှိလူတွေတောင်ရင်တွေတုန်ကာ
ကြောက်ဒူးပင်တုန်သွားရသည်။

🍀🍀🍀🍀🍀ဒါတွေကဘယ်လိုစဖြစ်တာလဲ......

(ညနေ 4နာရီ seoul concert)

"ရေး...ပတ်ဂျီမင်း...ပတ်ဂျီမင်း....."

"အား...ရေး....ဂျီမင်းအား...."

Seoul မြို့ ခမ်းနားလှသည့် jimin ရဲ့ solo concert ...

50k ရှိသည့် purple Fan ocean ကြီးဟာ အလွန်လှပနေသည်။

ထိုသူတွေထဲမှာမှ...stage ကြီးပေါ်မှာ backup Dancer အမြောက်များရဲ့
ထိပ်ဆုံးမှာ Golden mic ကိုင်ကာ တောက်ပနေတယ့်သူလေး...

သံစဥ် အနိမ့်ကျ စည်းချက်ကျကျ
လေးဖြင့် သီဆိုလိုက်သည်။

"So What......Somebody call me right one....somebody call me wrong....nam shin gyong su ji a nul
le no do gu rom ot te"

YOU & IWhere stories live. Discover now