PART 6

4.2K 382 13
                                    

You & I

အပိုင်း 🍀6🍀

Jungkook က Jimin ကို ပွေ့ချီလိုက်သည်။

Jimin မျက်လုံးလေးပြူးကာ ရုန်းတော့သည်။

"မင်းဘာလုပ်မလို့လဲ.."

Jungkook က jimin ကို ကြည့်ကာ
"ငြိမ်ငြိမ်နေ.... ငြိမ်ငြိမ်နေ..."

ဟုတ်ပါတယ် အကောင်ပေါက် က ပြောလို့ရတယ်ဆိုတော့....ပိုလို့တောင်ရုန်းတော့သည်။

လက်ပေါ်မှာ ကြောင်တစ်ကောင် ငြိမ်ငြိမ်မနေလုပ်နေတော့ Jungkook က စိတ်မရှည်စွာ ချီထားရသည်။

"မင်းထပ်လှုပ်နေရင်း..ငါလွှတ်ချလိုက်မှာနော်...."

ပြောပြီး လွှတ်ချမယ်လုပ်တော့ အကောင်ပေါက်က ကြောက်ကာ Jungkook
ဂုတ်ကိုတင်းကျပ်ကျပ်ကာဆုပ်ကိုင်ထားသည်။

Jungkook က ခေါင်းကိုခါကာ သူ့ကုတင်ပေါ်ချပေးသည်။

Jimin က ကုတင်ပေါ်ရောက်တော့ ကြောင်တောင်တောင်မေးသည်။
"ဘာလုပ်ရမှာလဲ...."

Jungkook က သူ့ညဝတ်
အကျီတွေထုတ်ပြီး ပြန်ထွက်လာရင်း ပြောသည်။
"အိပ်လေ...မနက်မှ လိုက်ပို့မယ်"

Jimin က ဒေါသထွက်စွာဖြင့်
"မအိပ်နိုင်ဘူး..."

ပြောကာ ကုတင်ပေါ်က ထရပ်ချိန် Jungkook က ရုတ်တရက် သူ့ခါးကတဘက်ကိုချွတ်ချလိုက်သည်။

Jimin ဘာကိုမြင်သွားလဲမသိ
"အားးးးးးးးးးးးး"

အော်ကာ ကုတင်ပေါ်တတ်လဲကာ စောင်ကြီးကို ခေါင်းစခြေအဆုံး ခြုံထားသည်။

Jungkook က Jimin ကိုကြည့်ကာ

"ပြောတော့မအိပ်ဘူးဆို...."

Jungkook ညဝတ်လဲ ပြီး သူ့ဘေးသို့.
ဝင်လဲ...လိုက်သည်။

"အား......"

အသံကစူးလို့ Jungkook မျက်နှာ ပျက်သွားသည်။

"မင်းဘာလို့အော်နေတာလဲ..."

"ဂျောင်ကု မင်းဘာလို့... တဘက်ကြီးချွတ်တာလဲ...လူ့ကျင့်ဝတ်ကို နားမလည်ဘူးလား..."

Jungkook က ထ ထိုင်ကာ အံသြ စွာ
ကြည့်လိုက်သည်။

"မင်း...ငါ့ရဲ့ တစ်ခုခုကို မြင်သွားတာလား"

YOU & IWhere stories live. Discover now