You & I
အပိုင်း 🍀7🍀
နောက်တစ်ခန်းကိုခေါ်သွားခဲ့သည်။
Jimin လုံးဝ အမြင်မကြည်တော့ဘူး
"ဘာလုပ်တာလဲ..."
jungkook အခြားအခန်းတစ်ခုရဲ့ ကုတင်ပေါ်တင်လိုက်သည်။
ပြီးတော့ ရွန်းလဲ့နေသည့်အကြည့်များဖြင့်
"မင်း ငါ့အိမ်မှာလဲအိပ်သေး...ငါ့အဝတ်အစားတွေကိုလဲဖွသေး..."
Jimin က သူမလုပ်သလိုပဲ နှင့် မျက်လုံးကစားကာ
"ငါမဖွပါဘူး...သူဟာသူဖြစ်သွားတာ..မင်းအဝတ်ခန်းကိုက မြင့်နေတာလေ"
Jungkook လဲ အံ့သြသွားကာ
ရွဲ့စောင်းရင်း"အော်....ငါ့အမှားပေါ့..."
နှစ်ယောက်လုံးတိတ်ဆိတ်ကာပတ်ဝန်းကျင်လဲ တိတ်ဆိတ်နေသည့်အချိန်မှာ....Jungkook တစ်ခုခုကိုသတိထားမိသွားသည်။
Jimin အကျီကြယ်သီးလေးဟာ နှစ်လုံးလောက်ပြုတ်နေပြီးတစ်ဖက်သို့လျှောကျလာသည်။ လည်တိုင်လှလှလေးနဲ့ ညှပ်ရိုးလေးတွေဟာ ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။
Jungkook မျက်လုံး တွေဟာ ထိုနေရာကိုပဲ ကြည့်နေမိတော့သည်။
jimin က သူ့အား စိုက်ကာ ကြည့်နေသည့် သူကို ကြည့်ကာ ကြောင်တောင်တောင်
ဖြင့်"မင်းဘာကြည့်နေတာလဲ..."
သူ့အကြည့်ကို ကြည့်ရင်း
ပြောကာ သူ့ကိုယ်သူကြည့်မှ မျက်လုံးလေးပြူးကာ အကျီကိုပြန်ဆွဲတင်မယ်လုပ်တော့မှ ချက်ချင်းဆိုသလို Jungkook က Jimin လက်နှစ်ဖက်ကိုချုပ်ကာ လဲချလိုက်ပြီး အဲ့ညှပ်ရိုးလေးကို သူ့နှုတ်ခမ်းနဲ့နမ်းလိုက်သည်။
သူ့အထိတွေ့ကြောင့်လန့်ကာ
"မင်းဘာလုပ်ပြန်ပြီလဲ....ဖယ်...ဖယ်.."
အတင်းတွန်းထုပ်ပေမယ့် သူ့အားလေးနဲ့ မဖြစ်နိုင်ပေ။
jungkook က ဖျော့တော့တော့အသံဖြင့်
"ခဏလောက် ငြိမ်ငြိမ်နေပေးပါလား"jimin ရုန်းနေရကာနေ Jungkook အသံကြောင့်ဖြေးဖြေးချင်း ငြိမ်ကျသွားသည်။
YOU ARE READING
YOU & I
Fanfictionမင်းကိုမချစ်ဘူး လိမ်ရတာကို သဘောကျတယ်။ ချစ်တယ် စကားထက် မုန်းတယ်လို့ပြောရတာသဘောကျတယ်။