You & I
အပိုင်း 🍀14🍀
"ဘယ်မှာ ငါပြောလို့လဲ"
"မပြောလဲဖယ်တော့...ငါပင်ပန်းလာတယ်"
Jungkook က ထတော့မယ့် Jimin ခါးကိုဖက်လိုက်သည်။
"ဘာလုပ်တာလဲ"
"ငါ့ရင်ခွင်ထဲနားလေ...."
"နားချင်ပါဘူး...အိပ်ယာထဲစောင်လေးထဲသွားခွေနေမှာအေးတယ် ရာသီဥတုက"
"နေစမ်းပါ...ပြောစကားနားထောင်စမ်း..ငါ့ရင်ခွင်က မင်းအိပ်ယာထက်ကောင်းတယ်"
"ဟုတ်လား..."
"မယုံတာလား..စမ်းကြည့်လေ"
Jimin က ရွဲ့ပြုံးပြုံးကာ Jungkook ရင်ခွင်ထဲ နစ်ဝင်အောင်နေသည်။ တမင်တကာ Jungkook ရင်ဘက်ကြီးကိုထုကာ
"ဒါခေါင်းအုံး...."
Jungkook လက်တစ်ဖက်ကိုဆွဲကာ ဖက်လိုက်သည်။ ပါးစပ်ကလဲပြောသေး
"ဒါက ဖတ်ခေါင်းအုံး"
ပြီးတော့ သူအိပ်ဖို့ပြင်သည်။
တဂယ်တမ်းအိပ်မယ်လုပ်တော့ သူရင်ခွင်ခွင်ထဲက အနွေးဓာက်ကိုခံစားရသည်။
"နွေးလိုက်တာ.."
နှုတ်ကနေမထင်မှတ်ပဲထွက်သွားခဲ့သည်။
"မင်းဘာပြောလိုက်တာလဲ"
Jungkook အသံကြောင့် Jimin ကပျာကယာပြင်ကာ
"အေးလိုက်တာ ပြောတာ"
Jungkook က ရယ်ကာ Jimin ကို ဖတ်ကာ ရင်ခွင်ထဲသေချာထည့်ပေးလိုက်သည်။
Jimin နားဟာ Jk ရင်ဘက်ခြမ်းဝယ် နှလုံးသားရဲ့ရင်ခုန်သံတဒိတ်ဒိတ်ကို နားထောင်ရင်းအိပ်စေသည်။
အခုတော့ ခဏလေးနဲ့ အိပ်ပျော်သွားပြီ။
Jungkook ရဲ့ ရင်ခွင်ကျယ်ကြီးထဲမှာ ကလေးလိုအိပ်ပျော်သွားခဲ့သည်။
Jungkook က Jimin ကို ကြည့်ကာ
အတွေးပေါင်းစုံဝင်ရောက်လာသည်။"ငါသူ့ကိုချစ်နေမိတာလား...."
🍀🍀🍀🍀❤❤❤❤🍀🍀🍀🍀🍀
ဂျင် မနက်ခင်းဝယ် စိတ်ညစ်နေမှုများ
စိတ်ဆိုးနေတော့သည်။
YOU ARE READING
YOU & I
Fanfictionမင်းကိုမချစ်ဘူး လိမ်ရတာကို သဘောကျတယ်။ ချစ်တယ် စကားထက် မုန်းတယ်လို့ပြောရတာသဘောကျတယ်။