You & I
အပိုင်း 🍀3🍀
Jimin လေးရဲ့ နားချိန်တစ်လ.. လေးမှာ စိတ်ဆင်းရဲမှုတွေနဲ့ မနေချင်ဘူး အိမ်ထဲဝယ် တစ်ယောက်တည်း မိုက်ကြီးကိုင်ကာ ကခုန်ပြီး သီချင်းဆိုနေသည်။
ပြောရရင်အိမ်ထဲမှာ ကြက်ပေါက်လေး
သောင်းကျန်းနေသည်။ဒီချိန်မှာ....အရှေ့က တံခါး ဘဲလ်သံ
ကြောင့် jimin လန့်သွားသည်။"သြော်...ဟိုဆော့ဟျောင်းလာပြီထင်တယ်..."
ဟိုဆော့ဟျောင်းအထင်နဲ့ တံခါးဖွင့်ပေးလိုက်သည်။"ဟိုဆော့......."
လို့ခေါ်လိုက်ပေမယ့် ကြည့်လိုက်တော့ Jungkook ဖြစ်နေခဲ့သည်။ချက်ချင်း တံခါးကိုပြန်ပိတ်သည်။
ဒါပေမယ့် တစ်ဖက်သူရဲ့အားက ပြင်းတာကြောင့်ပြန်ပွင့်သွားသည်။
"ဘာလို့ပိတ်တာလဲ..."
jungkook က Jimin လက်မောင်းကိုဆွဲလိုက်သည်။jimin ခြေလှမ်းတွေနောက်ဆုတ်လာသည်။ jungkook က ခြေထောက်နဲ့ကန်ကာ တံခါးပိတ်လိုက်သည
"ဒုန်း...."
Jungkook အနားကိုရောက်လာသည်။
သေချာကြည့်လိုက်မှ..ရှေ့ဆံပင်လေးကို စုစည်းထားသည်။ အကျီခါးတိုလေးနှင့် ဘောင်းဘီတိုလေးဝတ်ထားသည်။
ဖြူဖွေးပြီသွယ်လျနေတယ့်ခန္ဓာကိုယ်လေးရဲ့အလှအပက မျက်လုံးလွဲခြင်စရာမရှိပေ။
Jimin က သူခန္ဓာကိုယ်ကို ကျောက်ရုပ်လိုကြည့်နေသည့်သူကိုကြည့်ကာ
"မင်း ကြည့်လို့ဝပြီလား😒😒"jungkook က မကြည့်ချင်ယောင်ဆောင်ကာ
"ဘယ်မှာကြည့်လို့လဲ"ဗြောင်ငြင်းသည်။"မကြည့်လဲ ပြီးတာပဲ....ဘာကိစ္စလဲ"
Jungkook မှန်နရံနားသို့လျှောက်ကာ
"မင်းဘာလို့အိမ်မှာ လိုက်ကာတွေချထားတာလဲ..."
ပြောကာ လိုက်ကာကို ဆွဲဖွင့်မယ်လုပ်တော့ Jimin က ပြေးကာ Jungkook ကိုတွန်းလိုက်သည်။"မဖွင့်နဲ့....အား..."
jungkook အပေါ်သို့ Jimin ပြိုလဲကျသွားသည်။"အား..."
လဲကျနေသည့် Jungkook ရဲ့ ရင်ခွင်ထဲမှာ မြှပ်ဝင်နေသည့်အကောင်ပေါက်
YOU ARE READING
YOU & I
Fanfictionမင်းကိုမချစ်ဘူး လိမ်ရတာကို သဘောကျတယ်။ ချစ်တယ် စကားထက် မုန်းတယ်လို့ပြောရတာသဘောကျတယ်။