အပိုင်း 🍀2🍀
Jimin သတိလစ်သွားခဲ့သည်နှင့်တပြိုင်နက် ဟိုဆော့ လဲရောက်လာခဲ့သည်။
စိုးရိမ်စွာဖြင့်ပြေးလာသည်။
"ဂျီမင်းAh...ဂျီမင်းAh.."Jungkook က သူ့ရင်ခွင်ထဲက သူကို
ကြည့်လိုက်သည်။ဟိုဆော့က Jungkook လက်ထဲကနေ သူရင်ခွင်ထဲသို့ပြောင်းလိုက်သည်။
စိုးရိမ်မှုတွေကြောင့်ချွေးတွေတသီးသီးကျနေသည့် ဟိုဆော့ ကို မြင်ရတာနဲ့တင် သနားမိသည်။
ဟိုဆော့က ဒေါသ သံဖြင့်အော်လိုက်သည်
"ဘာလုပ်နေတာလဲ...ဆရာဝန်ခေါ်ကြလေ..."ဒီတော့ အိမ်တော်ထိန်း ချီဟွန်းက
ကပျာကတီ ဖြင့် အိမ်ဖုန်းကို ဆက်ရသည်။Jungkook က မျက်စိ ရှုပ်ကာဖြင့် သူလက်ချောင်းရှည်ကြီးတွေဖြင့် ဆံနွယ်တွေကို ထိုးဖွလိုက်သည်။စိတ်ရှုပ်စွာနှင့်ထွက်သွားမည် ရွယ်တော့
ဟိုဆော့က Jungkook အား မကျေနပ်မှုအချို့နဲ့ လှမ်းမေးသည်။
"အကိုလေး....ဂျီမင်း ကို စိတ်မပူဘူးလား"jungkook က ခပ်ဟဟရယ်လိုက်မိသည်။ ခပ်ပေါ့ပေါ့စကားပြောသည်။
"သူက သတိလစ်သွားတာ...သေသွားတာမှမဟုတ်တာ..."
Jungkook က ဖုန်းcall တစ်ခုကိုခေါ်ရင်း အရေးမပါသလို ပုံစံချိုးကာ
ဆက်ပြောသည်။
"တဂယ်လို့သေသွားတယ်ဆိုရင်တော့ နည်းနည်းတော့ စိတ်ပူမိမယ် ငါထောင်ကျမှာဆိုးလို့..."jungkook က ဖုန်းခေါ်တာကို တစ်ဖက်က ကိုင်လိုက်သည်။
"Hello...ယောင်း...ကိုယ်မင်းအိမ်အလည်လာမလို့""......."
"okay ကွာ...ကိုယ်အခုလာခဲ့မယ်"
ဖုန်းကိုချကာဆက်ထွက်သွားမည့်ဆဲဆဲမှာ
တစ်ခုခုကို သတိရဟန်ဖြင့်
သတိမေ့နေသည့် Jimin အား လက်ညိုးထိုးကာ"အော်...ဟိုဆော့..သူနိုးလာရင် ငါ့ company ကို လာခဲ့လို့ပြောလိုက်"
သူကတော့ သာသာယာယာ ထွက်သွားခဲ့သည်။
ဟိုဆော့ကတော့ ဒီလို လူမျိုးရှိသေးတယ်လို့တွေးကာ ဒေါသထွက်နေသည်။
🍀🍀🍀🍀🍀~~~~ကားဖြင့်သွားသည်။
ယောင်းက ဒီနေ့ နာအွန်းကားနဲ့ အတူပြန်ခဲ့သည်။
YOU ARE READING
YOU & I
Fanfictionမင်းကိုမချစ်ဘူး လိမ်ရတာကို သဘောကျတယ်။ ချစ်တယ် စကားထက် မုန်းတယ်လို့ပြောရတာသဘောကျတယ်။