PART 4

4.3K 390 22
                                    

You & I

အပိုင်း 🍀4🍀

Jimin သည်းမခံနိုင်စွာ..
"မင်းလွှတ်ကွာ...ငါ့လက်ကိုဆွဲရတာ အရမ်းဝါသနာပါတယ်ပေါ့"

Jimin ကိုဒေါသထွက်စွာဖြင့် Jungkook ကိုပြောလိုက်သည်။

"ငါက မင်းကို လိုက်ဆွဲရတာ ဝါသနာ
မပါဘူး"

ရုတ်တရက် Jimin မြင်လိုက်တာက သူ့နောက်ကို အမြဲလိုက်နေတတ်တယ့်
Media သမား တစ်ယောက်ကိုမြင်လိုက်သည်။

ချက်ချင်း လန့်ဖြန့်ကာ Jungkook ရင်ခွင်ကျယ်ကြီးထဲသို့မျက်နှာအပ်ကာစိုက်ဝင်သွားသည်။

Jungkook တောင် လန့်သွားသည်။ သူ့ရင်ခွင်ထဲက အကောင်ပေါက်ကို ကြည့်လိုက်သည်။

"စိတ်ရှုပ်လိုက်တာပြောကာ"ဆွဲဖယ်မည်လုပ်သည်။

jimin က Jungkook ခါးကိုတင်းကျပ်ကျပ်ဖတ်တွယ်ထားသည်။

"ခဏပုန်းပရစေ"ပထမဆုံး အကြိမ် Jimin ဆီမှ နူးညံ့တဲ့ တောင်းဆိုသံလေးကို ကြားရခြင်းပင်။

နှလုံးသားရင်ခုန်သံ တဒုန်းဒုန်း ဖြင့်

Jimin က Jungkook နှလုံးခုန်သံကိုကြားလိုက်ရသည်။

Jimin က ဖတ်နေရာက ဖယ်လိုက်သည်။

"ဂျောင်ကု..မင်းနှလုံးက ဘာလို့အဲ့လောက်တောင်ခုန်နေရတာလဲ"

Jungkook က Jimin အားကြည့်ကာ

"လူပဲနှလုံးခုန်မှာပေါ့...ထူးဆန်းလား.."

Jimin ကခေါင်းညှိမ့်ကာ ပြန်ဖို့အနောက်သို့လှည့်လိုက်သည်။

Jungkook က Jimin ဆီသို့တည့်တည့်လျှောက်သွားကာ လက်ကိုဆွဲ၍ Jimin နှုတ်ခမ်းဆီသို့ ရည်ရွယ်ကာ နမ်းလိုက်သည်။

နူးညံ့ပြီးအိစက်နေတယ့်နှုတ်ခမ်းသားလေးကို တစ်လွှာဆီစုပ်ယူကာ အရသာခံနမ်းကြည့်လိုက်သည်။ Jimin ဆီကရယတယ့် စတော်ဘယ်ရီ အနံသင်းသင်းလေးဖြင့် သေချာနမ်းကြည့်မှ အရမ်းအရသာရှိသည်။

ဒါပေမယ့် Jimin ကတွန်းထုတ်လိုက်သည်။

"မင်းဂျောင်ကု...မင်းငါ့နဲ့စတွေ့ထဲက နမ်းနေတာ...ငါခွင့်ပြုလို့လား...မင်းရူးနေလား...ခဏခဏလာမနမ်းစမ်းနဲ့...."

YOU & IWhere stories live. Discover now