You & I
အပိုင်း 🍀5🍀
Jungkook က Jimin ကို သူ့အိမ်ခေါ်လာခဲ့သည်။
တဘက်တစ်ထည်ယူကာ ရောက်လာခဲ့ပြီး
Jimin ကို လှမ်းပေးသည်။"ရော့...သုတ်လိုက်...ငိုမနေနဲ့.."
jimin လေးက လက်လှမ်းကာယူလိုက်သည်။
"ယောက်ျားလေး ဖြစ်ပြီး ရည်းစား နဲ့ကွဲတာ ငိုစရာပါလို့လား...ငိုမနေနဲ့..အိမ်ကျက်သရေမရှိဘူး"
Jimin က Jungkook မျက်နှာကိုကြည့်ကာ
"ငါမျက်လုံးနဲ့ငါ ငိုတာ မင်းအကြောင်းပါလား "
"နားငြီးတယ် ဒါ ငါ့အိမ်လေ.."
jimin က jungkook ကို စိတ်မရှည်စွာ
ကြည့်လိုက်သည်။"ဒါဆို မင်းအိမ်မှာ မငိုဘူး..ငါတခြားနေရာသွားငိုမယ်"
ပြောကာ ဒေါသထွက်စွာဖြင့် ထကာ ထွက်သွားမယ်လုပ်တော့ jungkook ကို ဆွဲကာ ဆိုဖာခုံရှည်ပေါ်ပစ်ချကာ သူကအပေါ်က အုပ်မိုးလိုက်သည်။
Jimin က မျက်ရည်လေးတွေကျရင်း jungkook ရင်ဘက်ကြီးကို လက်သီးလေးဖြင့်ထုကာ ပြောနေသည်။
"ဖယ်ကွာ...မင်းက...အားကြီးတယ်ဆိုတိုင်း...အနိုင်မကျင့်နဲ့...ငါမင်းအိမ်မနေဘူး...ငါပြန်မယ်...."
သူ့ရင်ဘက်လေးကို ထုကာ ငိုနေသည့်
အကောင်ပေါက်ကိုကြည့်ကာ ရင်ထဲတစ်မျိုးကြီးခံစားနေရသည်။လောလောဆယ် နားညီးလာလို့...
"အွန့်...."
သူ့နှုတ်ခမ်းလေးကို ထပ်ပြီးစုပ်ယူလိုက်သည်။စတော်ဘယ်ရီသီးလေးလားစုပ်ယူလိုက်တိုင်းချိုမြမြလေးဖြစ်နေသည်။တစ်လွှာချင်းဆီက ချိုချဉ်လေးစားနေရသလိုပဲ..ဘယ်လောက်နမ်းနမ်း ထပ်နမ်းချင်ဖြစ်နေသည်။
အနမ်းတွေကို..ပေးရင်းနဲ့.. ပေးတော့ အနမ်းတွေလက်ခံရင်း အငိုတိတ်သွားသည်။
jungkook က Jimin ကို နမ်းရင်းကနေ ဖယ်လိုက်သည်။
"သွား.. ငါ့အခန်းမှာရေချိုး ပြီးရင်..ငါမင်းအိမ်ပြန်လိုက်ပို့ပေးမယ်"
"မလိုဘူး...ငါဟာငါပြန်မယ်"
ခေါင်းမာတယ့်အကောင်ပေါက်က ကိုယ့်ဟာကို ထပြန်မယ်လုပ်တော့
YOU ARE READING
YOU & I
Fanfictionမင်းကိုမချစ်ဘူး လိမ်ရတာကို သဘောကျတယ်။ ချစ်တယ် စကားထက် မုန်းတယ်လို့ပြောရတာသဘောကျတယ်။