🍷Part-(23)🍷{U&Z}

7.9K 486 16
                                    

"ဒေါက်တာ! အထဲက ကျမမြေးလေးအခြေအနေဘယ်လိုရှိလဲ။ကလေးကိုရောထိခိုက်သွားသေးလား"

"ဟုတ်ကဲ့...ဘာမှတော့စိုးရိမ်စရာမရှိတော့ဖူး။နောက်တခါကျရင်တော့ ခုလိုမဖြစ်အောင်ဂရုစိုက်ပေါ့။ဆေးရုံတက်လောက်တဲ့ထိ ဖြစ်မသွားလို့ ခုဆေးစစ်ချက်ယူပီးတာနဲ့ အိမ်ပြန်လို့ရပါပီ။အိမ်ပြန်ရောက်ရင်လဲ လူနာကိုအနားပေးပီး နေခိုင်းပါ..သူကယောကျာ်းလေးဖြစ်နေတော့ မိန်းမသားတွေ ကိုယ်ဝန်ရှိတာထက်ကို ပိုစိုးရိမ်ရတယ်"

"ဟုတ်ကဲ့ပါ..ဒေါက်တာ ကျမတို့မြေးလေးကိုဂရုစိုက်ပါ့မယ်"

"မြေးသက္ကရာဇ် ဖွားဖွားဆေးစစ်ချက်တွေသွားယူပီးငွေရှင်းလိုက်အုန်းမယ် မြေးပဲ ရိပ်ကလေးကို အထဲဝင်ခေါ်လိုက်နော် "

°°°°°°
ရိပ် မနေ့က ဝက်သားတုတ်ထိုးတွေစားပီး ညကျဗိုက်အောင့်လာသည်။အစကတော့ ကလေးရှိတော့ ကလေးကဗိုက်ကိုကန်ရျ် အောင့်သည်ထင်ပီး တညလုံးကြိတ်မှိတ်နေခဲ့သည်။သို့သော်ထင်သလိုမဟုတ်။ တစ်ညလုံးအောင့်နေခဲ့သည့်ဗိုက်က မနက်ခင်းရောက်သည့်အချိန်မာပင် မသက်သာပဲပိုဆိုးလာခဲ့သည်။ထိုသည်အထိ ရိပ်ဘယ်သူ့ကိုမှမပြောဘဲ ဗိုက်အောင့်ပျောက်ဆေးသောက်ပီး ကြိတ်မှိတ်ကာ ကုမ္ပဏီသွားဖို့ပင် လုပ်နေလိုက်သည်။ကုမ္ပဏီသွားဖို့အလုပ် အခန်းတံခါးကအထွက်မာ ရိပ်မူးလဲသွားသည်။အဲ့နောက်ပိုင်း ဘာတွေဖြစ်သည်ကိုမမှတ်မိတော့။ရိပ် အခုသတိ​ပြန်ရလာလို့ဘေးကိုကြည့်လိုက်တော့ ဆရာဝန်ကိုတွေ့မှ  ဆေးရုံရောက်နေမိမှန်းသိသည်။

ရိပ်အတွေးတို့ပင် မဆုံးလိုက်သေး အခန်းထဲသို့ သက္ကရာဇ်တစ်ယောက် မျက်မှောင်ကြီးကြုတ်ပီး ဝင်လာသည်။

"ခင်ဗျားဗိုက်အောင့်သေးလား။ခုကော ဘယ်လိုနေသေးလဲ။အဆင်ပြေလား"

အခန်းထဲစဝင်လာကထဲက လူကိုကြည့်ပီးမေးခွန်းတွေဆက်တိုက်မေးလာသူကြောင့် စိတ်ထဲကြည်နူးမှုအရိပ် ​လေးထင်ဟပ်သွားသည်။နေမကောင်းသည့် အချိန်ဆို လူတွေက အားငယ်တက်ပီး ယုယခံချင်ကြသည်တဲ့။ခု ကိုယ့်မာမိဘနဲ့ဝေးနေတော့ သူ့ကိုပဲအားကိုးချင်မိသည်လားတော့မသိ ယခုလိုမေးလာသည်ကို ရိပ်စိတ်ထဲ နွေးထွေးပီး ခံစားစေရသည်။

Once we get married(လကျထပျရုံပဲလားလက်ထပ်ရုံပဲလား) CompleteWhere stories live. Discover now