🍷Part-(26)🍷{U&Z}

7.9K 463 19
                                    

Hello! my reads
ပြန်လာပါပီ ဟက်ပီးဧပရယ်ဖူးလ်ဒေးပါ😙

°°°°°°°°°°°°°°°°°°°°

"ဟဲလို..ဖွားဖွား သားတို့အခုပဲမန်းလေးအဝိုင်းရောက်နေပီ။ခုကညရှစ်နာရီ ဆိုတော့တစ်နေကုန်နီးပါးကားစီးလိုက်ရတာပေါ့"

".........."

"ဟုတ်ဖွားဖွား~ဝိုင်ကလဲသားကို ဂရုစိုက်ပါတယ်။ဖွားဖွားဘာမှစိတ်မပူနဲ့နော်"

"..........."

"အဲ့ဆိုဖွားဖွားဒါပဲနော် ဂွတ်နိုက်ပါဗျ"

"ဝိုင်! ဖွားဖွားကမင်းကားတနေကုန်မောင်းထားရတော့ ပင်ပန်းနေမာစိုးလို့တဲ့ မနက်ဖြန်ကျမှ ဖုန်းထပ်ဆက်လိုက်မယ်တဲ့"

"အင်း ! ပင်ပန်းလား"

"ငါလား မပင်ပန်းပါဖူး။ဘေးနားကထိုင်လိုက်ရတာပဲကို မင်းကသာတစ်နေကုန် ကားမောင်းနေရတာလေ။ဇက်ကြောတေ တက်တယ်မလား။ဒါနဲ့ ငါတို့ကဘယ်မှာနေကြမာလဲ"

"ခင်ဗျားကကော ဘယ်မာနေချင်လို့လဲ။ခင်ဗျားအမေဆီမာလား"

"ဟင်~အဲ့လိုမဟုတ်ပါဖူး။ငါကမင်းနေတဲ့နေရာမာ လိုက်နေမာပါ။ဒီတိုင်းမေးကြည့်တာလေ"

"မန်းလေးမာအိမ်ရှိတယ်လေ ဖေဖေနဲ့မေမေရဲ့ အိမ်လေးပေါ့။မေမေကမန်းလေးသူ ဖေဖေကတောင်ကြီးသား ပေါ့။ဖေဖေကမန်းလေးကုမ္ပဏီကို လာရင်းနဲ့ပဲမေမေနဲ့ဆုံခဲ့တာ။မေမေက တစ်ဦးထဲသမီးဆိုတော့ သူ့အိမ်က အစစအရာရာကို အရမ်းထိန်းချုပ်တယ်။မေမေကမန်းလေးသူဆိုတော့ မေမေဘက်ကအမျိုးတေက ရှေးရိုးအရမ်းဆန်တယ်။မေမေမှာက အစကထဲကသူ့အိမ်က လူကြီးချင်းသဘောတူထားတဲ့သူရှိတယ်လေ"

"ဒါပေမဲ့ မေမေက သူ့အိမ်ကသဘောတူထားတဲ့သူကိုမကြိုက်တော့ ဖေဖေနဲ့ခိုးရာလိုက်ပြေးခဲ့တယ်။အဲ့မာတင် မေမေ့ကို သမီးမိုက်ဆိုပီး သူ့မိဘတွေကသတင်းစာထဲကနေ အမွေပြတ်စွန့်လွှတ်ကြောင်းကြေငြာခဲ့တယ်။မေမေလဲ အဲ့စိတ်နဲ့ပဲ သူ့ကိုယ်သူအပြစ်တင်နေခဲ့တယ်။အဲ့ဒါကိုဖေဖေက မကြည့်နိုင်တော့ မန်းလေးမာ မေမေတခါတလေ သူ့မိဘတွေကို သတိရရင်လာနေဖို့ဆိုပီး မြေကွက်တစ်ကွက်ဝယ်လိုက်တယ်။ပီးတော့ အိမ်လေးကို ကိုယ်တိုင်စီမံပီးဆောက်ပေးပီး မေမေကြိုက်တဲ့ နှင်းဆီပင်တေကို တစ်ခြံလုံးစိုက်ထားပေးတယ်"

Once we get married(လကျထပျရုံပဲလားလက်ထပ်ရုံပဲလား) CompleteOù les histoires vivent. Découvrez maintenant