"အရိပ်ရေ~ပီးပီလား အဆင်သင့်ဖြစ်ရင်သွားမယ်လေ"
"အင်းပါ ခဏလေး"
ရိပ်တို့ဆေးရုံကပြန်လာတဲ့နေ့ကထဲက မောင်တစ်ယောက်က သူ့သားအတွက်အသုံးအဆောင်ပစ္စည်းတွေ အရုပ်တွေဝယ်ပါမယ်ဆိုပီး ဖင်တကြွကြွဖြစ်နေတာ ရိပ်မှာနောက်တစ်ပတ်လောက်မှသွားပါမယ်ဆိုပီးမနည်းတားထားရသည်။ဒီနေ့ တစ်ပတ်ပြည့်တဲ့နေ့ဆိုတော့ မနက်ကထဲက စူပါမားကတ်သွားဖို့ တက်ကြွတဲ့ကြက်ဖဖြစ်နေလေသည်။ဒါတောင် ပီးခဲ့တဲ့တစ်ပတ်က အိမ်ကို အခန်းအလှဆင်တဲ့သူတွေခေါ်လာပီး သူ့သားအတွက်အခန်းကိုပြင်နေလေရဲ့။သားအတွက်အခန်းကို ရိပ်တို့အခန်းနဲ့မျက်နှာချင်းဆိုင်က အခန်းလွတ်ကိုလုပ်မယ်ဆိုပီး အရုပ်ပုံပါတဲ့နံရံကပ်စက္ကူတွေကို အောက်ကကြမ်းပြင်တွေကိုလဲ အရုပ်ပုံပါတဲ့ကော်ဇော်တွေခင်းထားလေသည်။ဒီလိုအလိုလိုက်တဲ့ အဖေရထားတဲ့ကလေးကတော့ ရိပ်တောင်ထိန်းရမလားမသိဖူးဟုတောင် တွေးမိလိုက်သည်။
"မောင်! "
"အင်း~ပီးပီလား သွားမယ်လေ။မောင်တို့အခုအရင်ဆုံး baby worldကိုအရင်ဝင်ရအောင် အဲ့မှာက သားကစားဖို့အတွက် အရုပ်တွေဝယ်ရအောင်လေ"
"မောင်~ကလေးက အရုပ်ဆိုတာမျိုးကိုအသက်သုံးနှစ်လောက်မှဆော့တက်မှာလေ။အခုအချိန်ဝယ်ထားလဲ သူမှမဆော့တက်သေးတာ ဟောင်းသွားလိမ့်မယ်။သူသိတက်တဲ့အချိန် ဆော့ရမဲ့အရွယ်ကျမှဝယ်လေ"
"အရိပ်ကလဲကွာ အဲ့တော့ကျလဲ သူသိတက်လို့ဆော့တက်တဲ့အချိန်ကျ အသစ်ထက်ဝယ်ပေးမာပေါ့။မောင်ကလေ မောင်တို့သားလေးကို ပြည့်ပြည့်စုံစုံနဲ့ကြိုဆိုချင်တာ"
ဟူး ဒီပုံစံမျိုးဆို ရိပ်ဘယ်လိုတားတားမောင်တစ်ယောက်ကနားဝင်မည်မဟုတ်မှန်း သိလိုက်ရပီ။သားဦး အရူးဆိုတာ မောင်မှမောင်အစစ်။
"အရိပ်~ ရှေ့မာbaby worldကိုရောက်ပီ ။သားအတွက် အရိပ်ကြိုက်တဲ့ဟာတွေတွေ့ရင်ပြောနော် "
ရိပ်လဲ ခေါင်းလေးပဲငြိမ့်ပြမိပီး မောင်လက်ဆွဲခေါ်သွားရာ ကလေးပစ္စည်းအရောင်းဆိုင်ထဲသို့လိုက်ခဲ့ရသည်။
"မောင်! များလွန်းနေပီလေ ။နောက်တစ်ခါလာမှထပ်ဝယ်ကြမယ်လေ"
ဆိုင်ထဲသို့ ဝင်ဝင်ချင်းမှာပင် စင်ပေါ်ကတင်ထားသမျှအရုပ်ဘူးတွေကို ခြင်းတောင်းထဲကောက်ထည့်နေတာ မနည်းမနှောပင်။ပီးတော့စျေးက လဲတစ်သောင်းကျော်လောက်လားဆိုတော့မဟုတ် ။တစ်ဘူးတစ်ဘူးရဲ့စျေးနှုန်းက ငါးသောင်းကျော်ခြောက်သောင်းနီးပါးတန်တွေချည်းပဲဖြစ်သည်။ရိပ် လဲယောကျာ်းလေးပေမဲ့ ငယ်ငယ်ကဆို အခုလိုငါးသောင်းကျော်မပြောနဲ့သောင်းဂဏန်းရောက်ပီဆိုရင်တောင် အဲ့အရုပ်ကိုဝယ်ဖိူ့စိတ်ကူးထဲကိုမထားတော့။ပိီးတော့ ဘူးတစ်ဘူးက လက်တစ်တောင်စာလောက်ရှိပေမဲ့ အထဲကပါတဲ့အရုပ်ကဖြင့် တစ်ထွာလောက်လေးတွေသာဖြစ်သည်။ရိပ်လဲမနေနိုင်တော့ ထုတ်မေးမိတော့သည်။
BẠN ĐANG ĐỌC
Once we get married(လကျထပျရုံပဲလားလက်ထပ်ရုံပဲလား) Complete