🍷Part-(28)🍷{U&Z}

7.5K 400 30
                                    

hello! my readsတို့ရေ ပျော်ရွှင်စရာသကြန်အခါသမယလေးဖြစ်ပါစေ☺

"ဝိုင်! ဖွားဖွားက မေ့မေ့အတွက်လက်ဆောင်ထည့်ပေးလိုက်တဲ့ ခေါပုပ်ထုတ်တွေ ငါရှာမတွေ့တော့လို့ မနေ့ညက ကားပေါ်ကနေဆင်းတော့ အကုန်လုံးအိမ်ထဲသယ်လာပါတယ်"

"ကျနော် ကားထဲမာအဆင်သင့်ထည့်ပီးသွားပီ ခုခင်ဗျားလေးပဲကားပေါ်တက်ရင် အကုန်စုံပီ "

ဝိုင်နဲ့ရိပ် မနေ့ညကတစ်ယောက်စိတ်တစ်ယောက်သိပီးကထဲက စကားပြောရတာအရင်လိုမဟုတ်တော့ဘဲ အဆင်ပြေလာသည်။မနေ့ညကနေ ဒီတစ်မနက်လုံးလဲ စကားပြောတိုင်း သူ့ကိုယ်သူကျနော်လို့ပဲ သုံးနေသူကြောင့် ရိပ်တောင်မနေတက်မထိုင်ပင် ဖြစ်လာသည်။

"ဝိုင်! မင်းဘာလို့ ကျနော်လို့ပဲပြောနေတာလဲ အဲ့ဒါကမင်းစတိုင်မှ မဟုတ်တာ ငါ့အပေါ်အရမ်းယဥ်ကျေးနေဖို့မလိုပါဖူး"

"အဆင်ပြေတယ် အဲ့လိုသုံးတာခင်ဗျားတစ်ယောက်ထဲအတွက်ပဲ သီးသန့် စိတ်လိုလက်ရသုံးမိတဲ့ စကားလုံးမို့လို့ အဆင်ပြေတယ်"

"အင်း~အဲ့ဆိုလဲပီးတာပဲ ငါကမင်းကို ငါ့အတွက်နဲ့ မင်းရဲ့အကျင့်တွေကို ပြောင်းလဲစရာမလိုဖူးဆိုတာသိစေချင်ယုံပါ"

"ဟုတ်ကဲ့ပါဗျာ ယောက္ခမကြီးဆီသွားရအောင် ကုမ္ပဏီသွားရအုန်းမာဆိုတော့ နောက်ကျနေအုန်းမယ်"

"ဝိုင်~မင်းကုမ္ပဏီနှစ်ပတ်လည်သွားရမာဆိုတော့ ငါ့ကိုအိမ်ရှေ့မာပဲချပေးလိုက်တော့ အပြန်လာခေါ်မှပဲ မေ့မေ့ကိုဝင်တွေ့လိုက်တော့လေ ခုတောင်ကိုးနာရီထိုးတော့မယ် ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့သူကနောက်ကျနေရင် ဝန်ထမ်းတွေအပြစ်ပြောစရာ ဖြစ်နေလိမ့်မယ်"

"အဲ့ဆို ယောက္ခမကြီးကို သေချာပြောပြလိုက်အုန်းနော် တော်ကြာ သူ့ကိုတောင်ဝင်မတွေ့ဖူးထင်ပီး သူ့သားကိုပြန်ခေါ်ထားရင် ဒီကောင်အသဲကွဲနေရလိမ့်မယ်"

"ဝိုင်~မင်းဘယ်လိုဖြစ်နေတာလဲ မင်းကိုခုလိုနောက်တက်လိမ့်မယ်လို့ ထင်မထားဖူး အရင်ကဆိုအမြဲ မျက်မှောင်ကြီးကြုတ်ထားတာ ငါ့ရှေ့ဆိုပိုဆိုးတယ်"

"အဲ့တုန်းက ရင်ထဲကခံစားချက်တွေကရှုပ်ထွေးနေတုန်းမို့လို့ပါ ပီးတော့ဟိုကောင် သျှမ်းခေါက်ဆွဲ သူ့ကိုမြင်ရင်ဒေါသတွေပိုထွက်လာတယ် အဲ့ဒါကြောင့် ဒီမျက်နှာချောချောလေးက တွန့်ချိုးထားရတာပေါ့"

Once we get married(လကျထပျရုံပဲလားလက်ထပ်ရုံပဲလား) CompleteTahanan ng mga kuwento. Tumuklas ngayon