"အမေ ကျနော်တို့တရုတ်ပြည်မာနေလဲ အဆင်ပြေနေတာကို မြန်မာပြည်ကို ဘာလုပ်ဖို့တွက် ပြန်လာတာလဲ။ပီးတော့ နေစရာအိမ်လဲရှိတာမဟုတ်ပဲ ဘယ်မာသွားနေကြမာလဲ။"
"ဟဲ့...စောက်ကောင် နင်ကအရမ်းတုံးတာပဲ အဲ့ဒါကြောင့်မို့လို့လဲ နင့်ထက်တခြားသူတွေသာနေကြတာ နင့်ခုလို ဖြုတ်ဦးနှောက်နဲ့ဆို မွဲတေပီး ခုလိုပဲနေရမာဟဲ့ သိလား။"
"ငါ့လိုလူက မြန်မာပြည်ကို ပြန်လာပီး ဆင်းဆင်းရဲရဲ နေမယ်ထင်နေတာလား။ငါ့အမေအိမ်တစ်ခုလုံးရှိနေတာ ပဲအဲ့ကိုပဲသွားရမာပေါ့။"
"အမေ! အဖွားက အမေ့ကိုနှင်ထုတ်လိုက်ပီလေ။ကျနော်မလိုက်ချင်ဖူး အဖွားကိုမျက်နှာပူတယ်ဗျ။"
"ဟဲ့ မသာနင်ကခုလို တုံးအနေလို့ မြေးချင်းတူတူကို နင့်ထက်သက္ကရာဇ်က ပိုပီးနေရာရနေတာသိရဲ့လား။"ဟု ဆိုကာ ဒေါ်စံပယ်မြတ်ဝိုင် တစ်ယောက် သားဖြစ်သူရှိန်းနေလင်းဝိုင် ၏ခေါင်းကို "ဂွက်" ခနဲ မြည်အောင် ခေါက်လိုက်သည်။"
"အာ...အမေ့! ကျနော်နာတယ်လို့"
အေး....နာလဲသေ နင်ကအသားပဲနာတတ်တာ စိတ်ကျမနာတတ်ဖူး။""နင်မျက်နှာပူရင် မလိုက်နဲ့သွားချင်တဲ့နေရာသွား ငါကတော့ကိုယ့်အိမ်ကိုယ်ပြန်ရမာပဲ။"
"မိဘဆိုတာမျိုးက သားသမီးကိုစိတ်ဆိုးတုန်း ခဏပြောတာ ခုဆိုမင်းအဖွားနဲ့ မတွေ့တာ တစ်နှစ်ကျော်ပီဆိုတော့ ပြန်တောင်းပန်ရင်ခွင့်လွှတ်မာပါ"
"တီတောင်! တီတောင်!(ဘဲလ်မြည်သံ)
"မိစု!မိစု! အပြင်ကဘဲလ်တီးနေတယ်....ဟဲ့ဘယ်သူမှမရှိကြဖူးလား။"
"ဘယ်သူမှပြန်ထူးသံမကြားသဖြင့် ဒေါ်ခတ္တာဝိုင်တစ်ယောက် မိမိကိုယ်တိုင်သာ စိတ်မရှည်စွာဖြင့်တံခါးဖွင့်လိုက်သည်။"
မေမေ! မေမေ! ဟုခေါ်က ဒေါ်စံပယ်မြတ်ဝိုင် သူ့အမေခြေထောက်ကို ပြေးဖက်ကာ ငိုတော့သည်။
အီးးးမေမေသမီးကိုခွင့်လွှတ်ပါ။လွန်ခဲ့နှစ်တုန်းက သမီးလောဘတွေကြီးခဲ့တယ်။ခုချိန်မာတော့ အမေ့ကိုပြုစုပီး အမှားတွေကို ပြန်ပေးဆပ်ပါရစေ အီးးးး"
ESTÁS LEYENDO
Once we get married(လကျထပျရုံပဲလားလက်ထပ်ရုံပဲလား) Complete