🍷Part-(35)🍷{U&Z}

8.3K 378 27
                                    

သက္ကရာဇ် လက်ရှိတွင်ဖြစ်နေသော အခြေအနေတွေကို တစ်ခုမှနားမလည်နိုင်တော့ပေ။ ကိုယ့်ရဲ့ခန္ဓာကိုယ် အပေါ်ပိုင်းကဗလာကျင်းဖြစ်နေကာ အိမ်မဟုတ်တဲ့အခန်းတစ်ခုရဲ့အိပ်ရာအထက်မှာ။ပီးတော့ ဘေးမှာကဧကရီရှိနေပီး ဧကရီက ညဝတ်ဂါဝန်အပါးလေးနှင့်ဖြစ်နေကာ နှစ်ယောက်စလုံးကိုယ်ပေါ်တွင်တော့ ဟိုတယ်logoပါ အဖြူရောင်စောင်တစ်ထည်က လွှမ်းခြုံထားသည်။အဆိုးဆုံးကတော့ ကိုယ့်ကိုနာကျင်ဝမ်းနည်းမှုတွေအပြည့်နှင့် စိုက်ကြည့်နေသောလူသားလေး ။သူ့ဘေးမှာက မျက်နှာမကောင်းစွာနှင့် ကိုယ့်အားစိုက်ကြည့်နေသော အဖွားဖြစ်သူကိုတွေ့ရသည်။သက္ကရာဇ် နောက်ဆုံးမှတ်မိသည်က ဧကရီနှင့်လေယာဥ်ပေါ်မတက်ခင် အနီးနားကcafeမာစကားပြောကြခြင်းဖြစ်ပီး အဲ့ဒီနောက်ပိုင်း ခေါင်းမူးလာကာ ဘာမှပင်မမှတ်မိတော့ပေ။ယခုနိုးလာချိန်တွင်တော့ အရာအားလုံးက ခြားနားစွာဖြစ်နေပီး ဘာတွေကဘယ်လိုဖြစ်သွားမှန်း သက္ကရာဇ်တစ်ခုမှစဥ်းစားမရတော့သလို ကိုယ်ကကော ဒီအခန်းတစ်ခုရဲ့ခုတင်ထက်မှာဘယ်လိုရောက်နေခဲ့မှန်းတဂယ်ပင်မသိ။

"ဧကရီ! မင်းဘာလုပ်လိုက်တာလဲ ငါ့ကိုငါလုပ်လိုက်တာလဲလို့ငါမေးနေတာဖြေလေ"

"ကိုသွေး ~ကိုသွေး စိတ်ကိုငြိမ်ငြိမ်ထားသင့်တယ်"

"ဘာ! စိတ်ကိုငြိမ်ငြိမ်ထားဟုတ်လား ။မင်းနဲ့ငါနဲ့ရဲ့ အခုလိုအခြေအနေဆိုးကြီးမှာ ငါကဘယ်လိုစိတ်ကိုအေးအေးထားနိုင်မှာလဲ"

"ကိုသွေး~ဧကရီကိုမအော်ပါနဲ့ ညကတုန်းက ကိုသွေးဘာပြောခဲ့လဲတဂယ်မမှတ်မိတော့ဖူးလား"

"ဘာ! ငါမင်းကိုဘာပြောခဲ့လို့လဲ"

"ကိုသွေးပဲ ညကပြောတယ်လေ သူ့ကိုတရုတ်သွားမယ်ဆိုပီးလိမ်ခဲ့တယ်ဆိုပီးတော့ဒီညတော့ ဧကရီနဲ့အတူနေချင်တယ်ဆိုပီးပြောခဲ့တဲ့လေ"

ဧကရီထိုစကားကိုပြောချိန်တွင် တစ်စုံတစ်ယောက်ကို ခနဲ့ကာကြည့်ရျ်ပြောလိုက်ခြင်းဖြစ်သည်။

"မဟုတ်ဖူး! မင်းမဟုတ်တာတွေကို လျှောက်မပြောနဲ့ ငါကအဲ့လိုဖောက်ပြန်တက်တဲ့ယောကျာ်းမျိုးမဟုတ်ဖူး"

Once we get married(လကျထပျရုံပဲလားလက်ထပ်ရုံပဲလား) CompleteHikayelerin yaşadığı yer. Şimdi keşfedin