မနေ့က ဟိုတစ်ယောက်နဲ့စကားများခဲ့တာကြောင့်ကော သူ့ကိုထပ်ပီးမျက်နှာချင်းမဆိုင်ချင်သောကြောင့် လရောင်ညက မိမိအခန်းထဲဝင်ကာ အစောကြီးအိပ်လိုက်သဖြင့် ခုမနက်တွင်အစောကြီးနိုးနေသည်။စားပွဲပေါ်က နာရီနိုးစက်ကို ယူကြည့်လိုက်တော့ မနက်ငါးနာရီပင်ထိုးနေပီ။ညကလဲရှစ်နာရီပင်မထိုးသေး အိပ်လိုက်တာကြောင့် အိပ်ရေးလဲဝနေသဖြင့် ဆက်မအိပ်တော့ဘဲ ထဖို့ရာသာပြင်လိုက်သည်။မျက်နှာသစ်သွားတိုက်ပီးသည်နှင့် ခြံဝန်းထဲက ပန်းပင်တွေကိုရေလောင်းဖို့ ထွက်ခဲ့လိုက်သည်။
"ဟူးး မနက်စောစောထရတာ အေးချမ်းလိုက်တာ "
ခြံဝန်းလေးထဲက ပန်းပင်တွေကိုကြည့်ရင်းနဲ့ တစ်စုံတစ်ခုမရှိတာကို လရောင်သတိထားမိလိုက်ပီး အိမ်အပေါ်ထပ်ဆီသို့မော့ကြည့်လိုက်သည်။ကြည့်မိတော့ အပေါ်ထပ်က ပြတင်းပေါက်တွေအားလုံးက ပိတ်ထားတာပဲ ကားလဲမရှိဖူးဆိုတော့ ဟိုကောင်ညက အိမ်ကိုပြန်မအိပ်ဖူးဆိုတဲ့သဘောလား ။နေစမ်းပါအုန်း။ သူ့ဘာသာအိမ်ပြန်အိပ်အိပ် မအိပ်အိပ်ငါနဲ့မှမဆိုင်တာ ငါကဘာလို့မနက်စောစောစီးစီးတောင် သူ့ဆီစိတ်ရောက်နေရတာလဲ ။လရောင် မင်းအတွေးထဲကသူ့ကိုမြန်မြန်ထုတ်စမ်းကွာ။လရောင် ကိုယ့်ဘာသာကိုယ်စိတ်ထဲမှပြန်ပြောနေမိရင်းနှင့် ခေါင်းကိုစိတ်ရှုတ်စွာ ခါပစ်လိုက်သည်။
"အေးလေ သူမရှိတော့လဲ ဘာဖြစ်လဲ အေးအေးဆေးဆေးတောင်နေရသေးတယ် မဟုတ်ရင် တောက်တဲ့ကြီးကျလို့လိုက်ကပ်နေတာ ။ပီးရင် ကိုယ်နဲ့တွေ့လိုက်ရင် သူနဲ့ကရန်ဖြစ်နေရတာချည်းပဲ "
လရောင်ကိုယ့်ဘာသာပဲ တွေးလိုက်မိပီး ပန်းပင်တွေကို ရေဆက်လောင်းနေလိုက်သည်။
°°°°°°°°
"မောင်!ထတော့လေ ဒီနေ့ငါတို့တောင်ကြီးပြန်ရမယ်လေ ပီးတော့မပြန်ခင် မဟာမြတ်မုနိဘုရား လိုက်ပို့မယ်လို့ပြောထားတယ်လေ"ရိပ်ကတော့ အစောကြီးနိုးနေပေမဲ့ ဘေးနားကလူကတော့ နှိုးနေတာတောင် တုတ်တုပ်မျှမလှုပ်ဘဲ အိပ်နေသည်မာ စိတ်တိုစရာကောင်းလွန်းသည်။
"မောင်! မင်းထမှာလား မထဖူးလား။ မင်းမထရင် ငါ့ဘာသာတက္ကစီငှားပီးသွားလိုက်တော့မယ်"
![](https://img.wattpad.com/cover/295741062-288-k266743.jpg)
YOU ARE READING
Once we get married(လကျထပျရုံပဲလားလက်ထပ်ရုံပဲလား) Complete