"ဟင့်..အီး..ဗြဲ..ဗြဲ..မူကြိုသွားချင်ပါဝူးဆိုနေ"
မနက်ခင်းစောစောစီးစီးတွင် ဇူးရစ်ချ်မြို့ရဲ့တစ်နေရာမှာတော့ စူးစူးရှရှကလေးငိုသံကထွက်ပေါ်လာသည်။
"ဝမ်ဝမ်း အခုလိုဆိုးနေတာမျိုးကို ပါပါးမကြိုက်ဖူးလို့ပြောတယ်နော်။ဝမ်ဝမ်းကို ပါးပါးမူကြိုပို့တာ စာတက်စေချင်လို့လေ အဲဲ့ဒါကိုအခုလိုငိုနေတော့ ပါပါးစိတ်ဆိုးလာပီ"
မနက်ခင်းမိုးလင်းပီဆိုသည်နှင့် ဝမ်းဝမ်းရဲ့မူကြိုမသွားချင်လို့ ဂျစ်ကန်ကန်လုပ်သည့်အကျင့်ကို ရိပ်မှာအမြဲတမ်းဖြေရှင်းနေရသည်။တနေ့လဲမဟုတ် နေ့တိုင်း။
"ဆူနဲ့ရို့...."
ရိပ်က လေသံကိုခပ်မာမာနှင့်ပြောလိုက်တော့ မှ ငိုနေရင်းဆက်လက်နှင့်ပင် ရိပ်ကိုမော့ကြည့်ကာ မျက်ရည်အဝိုင်းသားဖြင့် သူ့ကိုမဆူနဲ့လို့ပြောနေပြန်သည်။ဒီအကောင်ပေါက်ဟာ ဆိုးလို့ရမလားဟုရျ်ဆိုးကြည့်တာ ရိပ်သိသည်။ ရိပ်လေသံနည်းနည်းမာသွားရင်တော့ သိပ်ဂျစ်ကန်ကန်ဆက်မလုပ်တော့ဘဲ ငြိမ်သွားတက်သည်။
"ဝမ်ဝမ်းသားကို ပါပါးပြောမယ် ပါပါးကိုသေချာကြည့်ပါအုန်း။ကြည့်အုန်း....မျက်ရည်တွေသုတ်ပေးမယ်ဒီကိုလာ နှာချေးတွေလဲထွက်နေပီအဆိုးကောင်လေးရဲ့"
ရိပ်ပြောရင်းနှင့်ပင် ခပ်လှမ်းလှမ်းတွင် ကြမ်းပြင်ပေါ်ငုတ်တုတ်ထိုင်နေသောသားကို ပွေ့ပစ်လိုက်ကာ ရိပ်ပေါင်ပေါ်တင်လိုက်ပီး မျက်ရည်တွေနဲ့နှာရည်တွေကို တစ်ရှုးလေးဖြင့် လိုက်သုတ်ပေးတော့ သားကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရိပ်ကိုသေချာလိုက်ကြည့်နေသည်။
"သားကို မူကြိုထားတယ်ဆိုတာ ပါပါးက ဝမ်ဝမ်းကိုတော်စေချင်လို့လေ။ကဲ..ပါပါးကဝမ်ဝမ်းကိုတစ်ခုမေးမယ် ဝမ်ဝမ်းကြီးလာရင်ဘာလုပ်ချင်တာလဲ"
ရိပ်မေးလိုက်တော့ သားကသူ့အောက်နှုတ်ခမ်းလေးတွေကို တစ်ချက်ကိုက်ထားကာ တစ်စုံတစ်ခုကိုစဥ်းစားနေသလိုလေးလုပ်နေသည်။ရိပ်လဲ အသဲတယားယားဖြင့် ပါးဖောင်းဖောင်းလေးကို ဆက်ခနဲမနာအောင်ဖွဖွလေးကိုက်ပစ်လိုက်သည်။
![](https://img.wattpad.com/cover/295741062-288-k266743.jpg)
VOCÊ ESTÁ LENDO
Once we get married(လကျထပျရုံပဲလားလက်ထပ်ရုံပဲလား) Complete