Unicode
ဖြောင်း!!!!
အရိုက်ခံလိုက်တဲ့ ကျောပြင်က စပ်ဖျင်းဖျင်း...။
မျက်လုံးကို စည်းနှောင်ခြင်း ခံထားရသည်ကြောင့် အမြင်အာရုံတွေက မှောင်မဲစွာ...။"တောင်းပန်ပါတယ်....မရိုက်ကြပါနဲ့!
ကျွန်တော်အပြစ်လုပ်ထားမျိုးလည်း မရှိပါဘူးဗျာ"အချက်ပေါင်းများစွာ အရိုက်ခံထားရခြင်း၏ နာကျင်မှုဒဏ်က သူ့အသံအား ကွဲအက်အက်ဖြစ်နေစေသည်။
"ဟျောင်တွေ တော်တော့...ဘောစ့်လက်ထဲမရောက်ခင် အသက်ပျောက်နေဦးမယ်"
လူဆိုးဖြစ်ဟန်ဖြစ်သော လူနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လက်ထဲက ရိုက်တံကို အောက်သို့ချလိုက်သည်။
"ကျွန်တော့်ကို လွှတ်ပေးကြပါ"
ထိုသူပြောသံက လူနှစ်ယောက်က မကြားဟန်ပြုပြီး
အပေါက်ဝအနား ရောက်နေပြီဖြစ်တဲ့ ဘောစ့်ကို အရိုအသေပေးလိုက်သည်။"ဒါ မင်းတို့ဖမ်းလာတဲ့ ရိုးသားတဲ့ကောင်လေးလား?"
ဘောစ့်က အသင့်ချထားသော ခုံမွာ ခြေချိတ်ထိုင်လိုက်ပြီး လက်ထဲက သောက်လက်စ စီးကရက်ကို ဖွာလိုက်လေသည်။
"ဟုတ်ကဲ့ပါ..ဘောစ့်။
ကျွန်တော်တို့ ကောင်းကောင်းဆုံးမထားတာမို့ နည်းနည်းတော့ ရုပ်ဆိုးနေသေးတယ်....ဒါပေမယ့် တကယ်ရုပ်ရည်ကတော့ ဘောစ့်အတွက် ကောင်းကောင်းကြီး အထောက်အကူရနိုင်ပါတယ်"တပည့်စကားကို သဘောကျဟန် ဘောစ့်ဖြစ်သူက
ပါးလွှတဲ့ နှုတ်ခမ်းလေးကို ဘေးတွန့်ရုံသာ ပြုံးလိုက်သည်။"နောက်ခံကရော ဘယ်လိုရှိလဲ?"
"အမေအိုကြီး တစ်ယောက်ကို ကျောင်းတက်ရင်း
လုပ်ကျွေးနေတာပါ ဘောစ့်""ဟုတ်တယ်...အခုလောက်ဆို ကျွန်တော့်မာမား ကျွန်တော့်ကို မျှော်နေလောက်ပြီ။ကျွန်တော့်ကို ပြန်လွှတ်ပေးကြပါ အကိုကြီးတို့ရယ်...."
မျက်လုံးကို အပိတ်ခံထားရသော အဝတ်စမှာ မျက်ရည်တွေကြောင့် စိုနေသည်။ရှောင်းကျန့်က ကျစ်တစ်ချက်စုတ်လိုက်ပြီး ထိုကောင်လေးအနားကို
တိုးသွားလိုက်သည်။
YOU ARE READING
Criminal Virus [ Completed ]
FanfictionFor @NanSandarSoe9 But she told me it's also mine. - BJYX MYANMAR FANFICTION -