Unicode
"ကိုယ်တို့ အဲ့သင်္ဘောမှာ လိုက်ရမှာ.."
ခရီးဆောင်အိတ်ကိုယ်စီနဲ့ လက်ကိုင်အိတ်တစ်လုံးစီကိုင်ထားသော ဝမ်ရိပေါ်နဲ့ကျန်းချန် အပါအဝင် လူလေးယောက်။
"ကျန်းချန်ကော...ကျွန်တော်တို့ ဘောစ့်ကရော"
"သူက အခုလောက်ဆို သူ့သူငယ်ချင်းနဲ့ အဲ့အထဲမှာ
ရောက်နေလောက်ပြီ"ဝမ်ရိပေါ်ရဲ့ သရုပ်က ချက်ချင်းပင် ပြောင်းလဲသွားသည်။အချစ်အကြောင်းကို ရေရေရာရာနားမလည်တဲ့ ကျန်းချန်တောင် ဝမ်ရိပေါ် ဘာဖြစ်သွားတာလဲဆိုတာကို ရိပ်မိသည်။ဒါပေမဲ့ ကာယံကံရှင်ကတော့
ယောင်ဝါးဝါးအတွေးထဲကြား ဗျာများလျက်...။"ကိုယ်တို့ကို သူတို့တွေ သိတယ်..။
အေးဆေးလမ်းဖယ်ပေးမှာမို့ မင်းတို့သုံးယောက် ငြိမ်ငြိမ်လေး လိုက်လာခဲ့ကြ"ဦးဆောင်နေကျ ကျန်းချန်ကတော့ အရှေ့ကနေ ခပ်မတ်မတ်ပင် လျှောက်သွားလိုက်သည်။ထင်တဲ့အတိုင်း သူတို့လေးယောက်စလုံး သင်္ဘောအထဲကို
အေးဆေးစွာပင် ဝင်လာနိုင်သည်။ဘောစ့်ပြောထားတဲ့အတိုင်း ချိန်းထားသော အခန်းဆီသို့ လျှောက်သွားလိုက်သည်။ဇိမ်ခံသင်္ဘောတွေမို့ VIP အခန်းတွေ ပါရှိသည်။ဘောစ့်က အခန်းနံပါတ် 85 မှာ ဖြစ်သည်။
"ဝမ်ရိပေါ်က ကိုယ်နဲ့နေခဲ့..
ကျန်းချန်တို့ သုံးယောက်က တစ်ခန်းနေ။ပြီးတော့ အချိန်ကျရင် ငါ ဖုန်းဆက်လိုက်မယ် ကျန်းချန်။
အမြဲတမ်း သတိနဲ့နေပါ။ငါ မင်းကို ယုံတယ် ကျန်းချန်။ဒီည ငါတို့လက်တွေ သွေးမစွန်းဘဲ အေးဆေးပြီးချင်တယ်""ဘောစ့်စိတ်တိုင်းကျ ဖြစ်စေရပါမယ်.."
"ကောင်းပြီ"
ကျန်းချန်နဲ့အတူ လိုက်နေကျ နှစ်ယောက်ပါ အသီးသီး အခန်းထဲကထွက်သွားလေသည်။
ဝမ်ရိပေါ်က အခုမှ အသက်ရှူချောင်ကျသွားသလို အိပ်ယာပေါ် ပက်လက်လှန်ချလိုက်သည်။ဘယ်လိုပဲ
ဖုံးကွယ်ထားပါစေ...ရှောင်းကျန့်က သူ့ကို ဂရုစိုက်ပေးတယ်ဆိုတာ အသိသာကြီးလေ။ရှောင်းကျန့်က
အနည်းဆုံးတော့ သူ့ကို ပြန်ချစ်လာနိုင်မယ်မလား?
YOU ARE READING
Criminal Virus [ Completed ]
FanfictionFor @NanSandarSoe9 But she told me it's also mine. - BJYX MYANMAR FANFICTION -